တမန်တော်ဝတ္ထု 19:38
သို့ဖြစ်၍ဒေမေတရိနှင့်အပေါင်းပါလက်မှု ပညာသည်များသည် လူတစ်စုံတစ်ယောက်အား တရားစွဲဆိုလိုလျှင် တရားရုံးဖွင့်ရက်များ နှင့်အာဏာပိုင်များရှိသဖြင့် ရုံးတော်တွင် တရားစွဲဆိုနိုင်ပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 17:8``ဒေသခံတရားသူကြီးများသည် လူသတ် မှုနှင့်လူသေမှု၌သော်လည်းကောင်း၊ ပစ္စည်း ပိုင်ဆိုင်ခွင့်အမှုအခင်းများနှင့်ကိုယ်ထိလက် ရောက်ထိခိုက်ဒဏ်ရာရစေသောအမှုအခင်း များ၌သော်လည်းကောင်း အဆုံးအဖြတ်ပေး ရန်ခဲယဉ်းခြင်းရှိသောအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရွေးချယ် တော်မူသည့်တစ်ခုတည်းသောကိုးကွယ် ရာဌာနသို့သွား၍၊-
Acts 18:14ပေါလုသည်ချေပပြောဆိုမည်အပြုတွင် ဂါလျုန်က ``ယုဒအမျိုးသားတို့၊ ဤအမှု သည်ဆိုးယုတ်သောပြစ်မှုသို့မဟုတ်လိမ်လည် မှုဖြစ်ပါမူ ငါသည်သင်တို့၏စွပ်စွဲချက်ကို စိတ်ရှည်လက်ရှည်နားထောင်နိုင်ပေမည်။-