တမန်တော်ဝတ္ထု 21:39
ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသားဖြစ် ပါသည်။ ကိလိကိပြည်၊ တာရှုမြို့တွင်ဖွားမြင်ခဲ့ ၍ထင်ရှားသောမြို့ကြီးသားဖြစ်ပါ၏။ အကျွန်ုပ် ကိုကျေးဇူးပြု၍လူတို့အားစကားပြောခွင့် ပြုပါ'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Acts 9:11သခင်ဘုရားကလည်း ``သင်သည်ထ၍လမ်း ဖြောင့်အမည်တွင်သောလမ်းသို့သွားလော့။ တာရှု မြို့သားရှောလုဆိုသူကို ယုဒ၏အိမ်တွင်စုံ စမ်းမေးမြန်းလော့။ သူသည်ဆုတောင်းလျက် နေ၏။-
Acts 15:23ထိုသူနှစ်ဦး၏လက်ဖြင့်စာတစ်စောင်ပို့လိုက် ကြ၏။ ထိုစာတွင်၊ ``သင်တို့၏ညီအစ်ကိုများဖြစ်ကြသောတမန် တော်များ၊ အသင်းတော်လူကြီးများကအန္တိ အုတ်မြို့နှင့်ရှုရိပြည်၊ ကိလိကိပြည်ရှိလူမျိုး ခြားသားများဖြစ်ကြသောညီအစ်ကိုများ အား နှုတ်ခွန်းဆက်သလိုက်ပါသည်။-
Acts 16:37သို့ရာတွင်ပေါလုက ``ရောမနိုင်ငံသားများ ဖြစ်သောငါတို့အားစစ်ကြောစီရင်ခြင်းမ ပြုဘဲ ငါတို့ကိုလူပရိသတ်ရှေ့တွင်ရိုက်နှက် ၍အကျဉ်းချထားခဲ့ကြ၏။ ယခုငါတို့ကို တိတ်တဆိတ်လွှတ်လိုကြပါသလော။ ထိုသို့ မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ငါတို့ကို ထောင်မှထုတ်ကြပါစေ'' ဟုရဲအရာရှိ တို့အားပြော၏။
Acts 22:3ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
Acts 23:27ယုဒအမျိုးသားတို့သည်ဤသူ့ကိုဖမ်းဆီး ၍သတ်မည်ပြုကြပါ၏။ သူသည်ရောမနိုင်ငံ သားဖြစ်ကြောင်းကိုအကျွန်ုပ်ကြားသိရ သဖြင့် စစ်သားများနှင့်အတူသွား၍သူ့ အားကယ်ဆယ်ခဲ့ပါ၏။-
1 Peter 3:15သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-