တမန်တော်ဝတ္ထု 21:5
သို့ရာတွင်ခုနစ်ရက်စေ့သောအခါ ကျွန်ုပ်တို့ သည်ဆက်၍ခရီးပြုကြလေသည်။ တပည့် တော်အပေါင်းတို့သည်မိမိတို့၏ဇနီးများ၊ ကလေးများနှင့်အတူမြို့ပြင်ပင်လယ်ကမ်း သို့ရောက်အောင်လိုက်ပို့ကြ၏။ ကျွန်ုပ်တို့သည် ပင်လယ်ကမ်းပေါ်တွင်ဒူးထောက်၍ဆုတောင်း ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 24:15အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
2 Chronicles 20:13ယုဒပြည်သူအပေါင်းတို့သည် မိမိတို့သား မယားများနှင့်အတူဗိမာန်တော်ရှေ့တွင် ရပ်လျက်နေကြ၏။-
Psalms 95:6လာကြ၊ကိုယ်တော်အားဦးညွှတ်ပျပ်ဝပ်၍ ရှိခိုးကြကုန်အံ့။ ငါတို့အားဖန်ဆင်းတော်မူသောထာဝရ ဘုရား၏ ရှေ့တော်တွင်ဒူးထောက်ကြကုန်အံ့။
Mark 1:40အရေပြားရောဂါစွဲကပ်သူလူတစ်ယောက်သည် ကိုယ်တော်၏ရှေ့မှောက်သို့လာရောက်ဒူးထောက် ၍ ``အရှင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုရောဂါ မှသန့်စင်စေနိုင်ပါသည်'' ဟုလျှောက်ထား တောင်းပန်၏။
Acts 15:3အသင်းတော်ဝင်တို့သည်ထိုကိုယ်စားလှယ်အဖွဲ့ အား မြို့ပြင်သို့ရောက်အောင်လိုက်ပို့ကြ၏။ ထို အဖွဲ့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်တို့ကို ဖြတ်သွားစဉ် လူမျိုးခြားတို့ဘုရားသခင်ထံ သို့ပြောင်းလဲလာကြပုံကိုပြောပြကြသဖြင့် ညီအစ်ကိုအပေါင်းတို့သည်လွန်စွာဝမ်းမြောက် ကြ၏။-