တမန်တော်ဝတ္ထု 23:10
ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 7:2ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့ ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။
Micah 3:3သင်တို့သည်ငါ့လူမျိုးတော်၏အသားကို စားကြ၏။ သူတို့၏အရေကိုခွာ၍အရိုး များကိုချိုးလျက်အမဲဟင်းလျာသဖွယ် ဋ္ဌားဖြင့်စဉ်းကြ၏။-
Acts 21:30တစ်မြို့လုံးသည်ရှုပ်ယှက်ခတ်ဖြစ်လျက် လူတို့ သည်ပြေး၍လာပြီးလျှင်ပေါလုကိုဖမ်းဆီး ကာ ဗိမာန်တော်အပြင်သို့ဆွဲထုတ်သွားကြ၏။ ထိုနောက်ချက်ချင်းဗိမာန်တော်တံခါးများ ကိုပိတ်လိုက်ကြ၏။-
Acts 23:16သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
Acts 23:32နောက်တစ်နေ့၌ခြေလျင်တပ်သားများသည် ရဲတိုက်သို့ပြန်လာခဲ့ကြ၏။ မြင်းတပ်သား များသည်ပေါလုနှင့်အတူဆက်လက်ခရီး ပြုရန်ဖြစ်၏။-
James 1:19ချစ်သောညီအစ်ကိုတို့၊ ဤအချက်ကိုမှတ် သားထားကြလော့။ သင်တို့အားလုံးသည် ကြားနာမှုတွင်လျင်မြန်ကြစေ။ ပြောဆို မှုနှင့်အမျက်ထွက်မှုတွင်မူနှေးကြစေ။-