တမန်တော်ဝတ္ထု 24:27
နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:2လူများစုနောက်သို့လိုက်၍မတရားသဖြင့် မပြုနှင့်။ လူများစုနောက်သို့လိုက်၍တရား မျှတမှုကိုဖောက်ပြန်စေရန်မတရားသော သက်သေကိုလည်းမခံနှင့်။-
Mark 15:15ပိလတ်မင်းသည်လူပရိသတ်ကိုကျေနပ်စေလို သဖြင့် ဗာရဗ္ဗကိုလွှတ်၍သခင်ယေရှုကိုကြိမ် ဒဏ်ခတ်ပြီးလျှင် လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ရန်အပ်လိုက်၏။
Acts 12:3ထိုအမှုကိုယုဒအမျိုးသားတို့နှစ်သက်ကြ သဖြင့် သူသည်ပေတရုကိုလည်းဖမ်းဆီး၏။ (ထိုအချိန်ကားတဆေးမဲ့မုန့်ပွဲတော်အခါ ဖြစ်၏။)-
Acts 25:1ဖေတ္တုသည်ထိုနယ်သို့ရောက်၍သုံးရက်ကြာ သောအခါ ကဲသရိမြို့မှယေရုရှလင်မြို့ သို့တက်သွား၏။-
Acts 25:9ဖေတ္တုသည်ယုဒအမျိုးသားတို့ထံမှမျက် နှာရလိုသဖြင့်``သင်သည်ယေရုရှလင်မြို့ သို့သွား၍ ငါ၏ရှေ့တွင်ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံပါမည် လော'' ဟုပေါလုအားမေး၏။
Acts 26:24ဤသို့လျှောက်လျက်နေစဉ်ဖေတ္တုက ``ပေါလု၊ သင်သည်ရူးသွပ်လေပြီ။ အတတ်လွန်ကဲ၍ သူရူးဖြစ်လေပြီတကား'' ဟုအော်၍ပြော ၏။