တမန်တော်ဝတ္ထု 25:10
ပေါလုက ``အကျွန်ုပ်သည်ယခုဧကရာဇ် ဘုရင်တရားခွင်တွင် အစစ်အဆေးခံနိုင် ခွင့်ကိုတောင်းဆိုပါ၏။ အရှင်အမှန်သိတော် မူသည်အတိုင်းအကျွန်ုပ်သည် ယုဒအမျိုး သားတို့အားအဘယ်သို့မျှမပြစ်မှားခဲ့ ပါ။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 27:23ပိလတ်မင်းက ``သူသည်အဘယ်အပြစ်ကို ကူးလွန်သနည်း'' ဟုမေး၏။ သို့ရာတွင်ထိုသူတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုအသံကုန်ဟစ်အော် ကြ၏။
Acts 22:25သူ့ကိုကြိမ်ဒဏ်ခတ်ရန်ချည်နှောင်ကြသော အခါ ပေါလုကအနီးတွင်ရပ်လျက်နေသည့် တပ်ခွဲမှူးအား``ရောမနိုင်ငံသားတစ်ယောက် ကိုစစ်ဆေးစီရင်ခြင်းမပြုဘဲကြိမ်ဒဏ် ခတ်ခြင်းမှာတရားဥပဒေနှင့်ကိုက်ညီပါ သလော'' ဟုမေး၏။
Acts 25:6ဘုရင်ခံမင်းသည်ယေရုရှလင်မြို့တွင်ရှစ် ရက်ဆယ်ရက်နေပြီးနောက် ကဲသရိမြို့သို့ ထွက်ခွာသွားလေသည်။ နောက်တစ်နေ့၌ တရားခွင်တွင်ထိုင်ကာပေါလုအားခေါ် သွင်းရန်အမိန့်ပေး၏။-
Acts 25:25သူသည်သေဒဏ်ခံထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမကူးလွန်ကြောင်းကို ကျွန်ုပ် အနေဖြင့်သိပါ၏။ သို့ရာတွင်သူကိုယ်တိုင် ကဘုရင်ဧကရာဇ်မင်းထံတွင်အယူခံ ပါမည်ဟုဆိုသဖြင့် သူ့ကိုဘုရင်မင်းမြတ် ထံတော်သို့ပို့ဆောင်ပေးရန်ကျွန်ုပ်ဆုံးဖြတ် ခဲ့ပါ၏။-
Acts 28:18ထိုသူတို့သည်ငါ့ကိုစစ်ဆေးမေးမြန်းပြီး နောက် ငါ၏အမှုတွင်သေဒဏ်ပေးထိုက်သော အကြောင်းတစ်စုံတစ်ရာမျှမတွေ့ရ သဖြင့်ငါ့အားလွှတ်လိုကြ၏။-