တမန်တော်ဝတ္ထု 26:14
ထိုအခါအကျွန်ုပ်တို့အားလုံးပင်မြေပေါ် သို့လဲကျကြပါ၏။ ထိုနောက်ဟေဗြဲဘာသာ စကားဖြင့်`ရှောလု၊ ရှောလု၊ သင်အဘယ်ကြောင့် ငါ့ကိုနှိပ်စက်ညှဉ်းဆဲသနည်း။ တုတ်ချွန်ကို ခြေနှင့်ကျောက်လျှင် သင်သာလျှင်နာကျင် လိမ့်မည်' ဟူသောအသံကိုအကျွန်ုပ်ကြား ပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Zechariah 2:8သင်တို့အားထိပါးလာသူသည်ငါတန်ဘိုး အထားဆုံးသောအရာကိုထိပါးသူဖြစ် ၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်၏လူမျိုးတော်တို့အားတိုက်ခိုက် ချေမှုန်းသူတို့အား ဤကဲ့သို့သတင်းစကား ပြောကြားရန် ငါ့အားအနန္တတန်ခိုးရှင်ထာ ဝရဘုရားသည်စေလွှတ်တော်မူသည်။
Acts 9:4သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။
Acts 21:40တပ်မှူးကခွင့်ပြုသဖြင့်ပေါလုသည်လှေခါး ထစ်ပေါ်တွင်ရပ်လျက် လူတို့အားလက်ရိပ်ပြ၏။ ထိုသူတို့တိတ်ဆိတ်နေကြသောအခါ သူသည် ဟေဗြဲဘာသာစကားဖြင့်မြွက်ဆိုလျက်၊
Acts 22:7အကျွန်ုပ်သည်မြေပေါ်သို့လဲကျနေစဉ် `ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ကိုနှိပ်စက် ညှဉ်းဆဲသနည်း' ဟူသောအသံကိုကြားရ ပါ၏။-