တမန်တော်ဝတ္ထု 26:19
``အရှင်အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည်ကောင်း ကင်မှရရှိသည့်ဗျာဒိတ်ရူပါရုံကိုမလွန်ဆန် နိုင်ပါ။ `သင်တို့သည်နောင်တရ၍ဘုရားသခင် ထံပြောင်းလဲရကြမည်။ နောင်တနှင့်လျော်ကန် သည့်အကျင့်ကိုကျင့်ရကြမည်' ဟု၊-
Common Language Bible
In The King James Version
Whereupon, O king Agrippa, I was not disobedient unto the heavenly vision:
In Context
Cross References
Exodus 4:13သို့သော်လည်းမောရှေက``အရှင်ဘုရား၊ အခြား သူတစ်ဦးကိုစေလွှတ်တော်မူပါ'' ဟုတောင်းပန် လေ၏။
Jeremiah 20:9သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
Ezekiel 3:14ထာဝရဘုရားသည်ကြီးမားသောတန်ခိုး ဖြင့်ငါ့အပေါ်သက်ရောက်၍ ဝိညာဉ်တော်သည် ငါ့ကိုယူဆောင်သွားတော်မူသောအခါ ငါ သည်စိတ်နာစိတ်ဆိုးလျက်လိုက်ပါသွား၏။-
Jonah 1:3သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
Acts 26:26အဂြိပ္ပဘုရင်မင်းမြတ်၊ ထိုအမှုအရာများ အကြောင်းကိုအရှင်သိတော်မူသည်ဖြစ်၍ အကျွန်ုပ်သည်အရှင်၏ရှေ့တော်တွင်ရဲဝံ့စွာ လျှောက်ထားခြင်းဖြစ်ပါသည်။ ထိုအမှုအရာ များသည်ချောင်ကြိုချောင်ကြားတွင်ဖြစ်ပျက် ခဲ့သည်မဟုတ်ပါ။ ယင်းအကြောင်းအရာ အလုံးစုံကိုအရှင်မင်းကြီးသိတော်မူ ပြီးဖြစ်သည်ဟုအကျွန်ုပ်ယုံကြည်ပါ၏။-