တမန်တော်ဝတ္ထု 27:22
သို့သော်အားမငယ်ကြနှင့်။ သင်တို့အနက် မည်သူတစ်စုံတစ်ယောက်မျှအသက်ဆုံးရှုံး ရမည်မဟုတ်။ သင်္ဘောသာလျှင်ဆုံးရှုံးရ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 30:6ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။-
Job 2:4စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
Psalms 112:7သို့ဖြစ်၍သူသည်သတင်းဆိုးကိုကြားရန် မကြောက်ရ။ သူသည်ထာဝရဘုရားကိုယုံကြည် ကိုးစားသူဖြစ်သဖြင့်သူ၏စိတ်နှလုံး သည် တည်ကြည်ခိုင်မြဲပေသည်။
Acts 23:11ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
Acts 27:31ပေါလုသည်တပ်မှူးနှင့်စစ်သားများအား ``ဤ သင်္ဘောသားတို့သည်သင်္ဘောပေါ်တွင်မနေကြ လျှင် သင်တို့ကိုယ်တိုင်အသက်ချမ်းသာရန် မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်'' ဟုပြော လေ၏။-
Acts 27:36ထိုအခါထိုသူအားလုံးပင်အားတက်လာ ကြပြီးလျှင် အစားအစာစားကြကုန်၏။-