တမန်တော်ဝတ္ထု 3:21
ရှေးသန့်ရှင်းမြင့်မြတ်သောပရောဖက်များ မှတစ်ဆင့် ပေးတော်မူခဲ့သောဘုရားသခင် ၏ဗျာဒိတ်တော်နှင့်အညီ အရာခပ်သိမ်းတို့ ကိုအသစ်ပြုပြင်ပြောင်းလဲတော်မူရာကာလ မတိုင်မီ ထိုအရှင်သည်ကောင်းကင်ဘုံတွင်ရှိ နေတော်မူပေမည်။-
Common Language Bible
In The King James Version
In Context
Cross References
Malachi 3:3ကိုယ်တော်သည်ချေးညှော်ကင်းစင်စေရန်ငွေ ကိုချွတ်သောသူကဲ့သို့ကြွလာ၍ တရား စီရင်တော်မူလိမ့်မည်။ ရွှေထည်ငွေထည်အလုပ် သမားသည်ရွှေနှင့်ငွေကိုချွတ်သကဲ့သို့ ထာဝရ ဘုရား၏ကောင်းကင်တမန်သည်လေဝိယဇ် ပုရောဟိတ်တို့အားသန့်စင်အောင်ပြုလိမ့်မည်။ ယင်းသို့ပြုရသည့်အကြောင်းမှာယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရားထံတော်သို့ လျောက်ပတ်သည့်ပူဇော်သကာများကို ယူဆောင်လာနိုင်ကြစေရန်ဖြစ်ပေသည်။-
Matthew 17:11ကိုယ်တော်က ``ဦးစွာပထမဧလိယသည်ကြွ လာ၍အမှုအရာခပ်သိမ်းကိုအသင့်ပြင်ဆင် ရမည်ကားမှန်၏။-
Luke 1:70ရှေးသန့်ရှင်းမြင့်မြတ်သူပရောဖက်များမှတစ်ဆင့် မိန့်တော်မူသည်နှင့်အညီ၊
Acts 3:19သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-
Romans 8:21ထိုမျှော်လင့်ချက်မှာတစ်နေ့သောအခါ၌ အဖန်ဆင်းခံကမ္ဘာလောကသည်ဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့မှလွတ်မြောက်၍ ဘုရားသခင်၏သားသမီးများနှင့်အတူ လွတ်လပ်မှုဘုန်းအသရေကိုခံစားခွင့် ရရှိလိမ့်မည်ဖြစ်သည်။-