တမန်တော်ဝတ္ထု 4:36
ယောသပ်ဟုနာမည်တွင်သောလူတစ်ယောက် ရှိ၏။ သူ့အားတမန်တော်တို့ကဗာနဗဟူ၍ မှည့်ခေါ်ကြ၏။ (ဗာနဗ၏အနက်ကားအား ပေးကူညီသူဟူ၏။) သူသည်ကုပရုပြည် သား၊ လေဝိအနွယ်ဝင်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
37သူသည်မိမိပိုင်သောလယ်ကိုရောင်း၍ငွေ ကိုယူလာပြီးလျှင် တမန်တော်တို့အား ပေးအပ်လေသည်။
Cross References
Mark 3:17(မိုးကြိုး၏သားများဟုအနက်ရှိသောဗောနေ ရဂက်ဟူသောနာမည်ဖြင့် ကိုယ်တော်မှည့်ခေါ်သူ များဖြစ်သည့်) ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့်ယောဟန်၊-
Acts 11:19သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။-
Acts 11:30ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။
Acts 15:2ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။
Acts 15:37ထိုအခါဗာနဗသည်မာကုခေါ်ယောဟန် ကိုခေါ်ဆောင်သွားရန်အလိုရှိ၏။-
Acts 21:16ကဲသရိမြို့မှတပည့်တော်အချို့တို့သည် ကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့ပြီးလျှင် ကျွန်ုပ်တို့ အားကုပရုကျွန်းသားတပည့်တော်ဟောင်း တစ်ဦးဖြစ်သူမနာသုန်၏အိမ်သို့တည်းခို ရန်ခေါ်သွားကြ၏။