တမန်တော်ဝတ္ထု 5:21
တမန်တော်တို့သည်ကောင်းကင်တမန်၏စကား ကိုနာခံ၍ အရုဏ်တက်ချိန်၌ဗိမာန်တော်ထဲ သို့ဝင်၍ဟောပြောသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့်သူ၏အပေါင်းဖော်တို့ သည် တရားလွှတ်တော်အစည်းအဝေးကိုပြု လုပ်ရန် အဖွဲ့ဝင်အပေါင်းတို့ကိုစုဝေးစေ၏။ ထိုနောက်တမန်တော်တို့ကိုခေါ်ဆောင်ခဲ့ရန် အမိန့်ပေး၍ လွှတ်တော်ရဲများကိုအကျဉ်း ထောင်သို့စေလွှတ်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 105:22သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊ မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။
Luke 21:37ကိုယ်တော်သည်နေ့အခါများ၌ဗိမာန်တော် တွင်ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ များ၌သံလွင်နာမည်တွင်သောတောင်ပေါ်သို့ သွား၍ညဥ့်ကိုလွန်စေတော်မူ၏။-
John 8:2နောက်တစ်နေ့နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူသောအခါ လူအပေါင်းတို့ သည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူလျက်ထိုသူတို့အားဟောပြော သွန်သင်တော်မူ၏။-
Acts 4:5နောက်တစ်နေ့၌ယုဒခေါင်းဆောင်များ၊ အကြီး အကဲများနှင့်ကျမ်းတတ်ဆရာများသည် ယေရုရှလင်မြို့တွင်စုဝေးကြပြီးလျှင်၊-
Acts 5:24ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-
Acts 5:34သို့ရာတွင်ဂါမလျေလနာမည်ရှိသော ဖာရိရှဲသည် တရားလွှတ်တော်တွင်ထိုင်ရာ မှထ၍ တမန်တော်တို့အားအပြင်သို့ခေတ္တ ခေါ်ထုတ်သွားရန်အမိန့်ပေး၏။ သူသည်လူ အပေါင်းတို့ရိုသေလေးစားသည့်ကျမ်းတတ် ဆရာတစ်ဦးဖြစ်၏။-