တမန်တော်ဝတ္ထု 7:58
သူ့ကိုမြို့ပြင်သို့ဆွဲထုတ်ပြီးနောက်ကျောက်ခဲ နှင့်ပေါက်ကြ၏။ အသိသက်သေများသည်မိမိ တို့ဝတ်လုံများကိုရှောလုနာမည်ရှိသူ လူငယ် လူရွယ်တစ်ယောက်အားအပ်ထားကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 24:14``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။-
Deuteronomy 13:9သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။-
1 Kings 21:13မသမာသူလူနှစ်ယောက်ကလည်းဘုရားသခင် နှင့် မင်းကြီးအားပုတ်ခတ်ပြောဆိုမှုနှင့်နာဗုတ် အားလူပုံအလယ်တွင်ပြစ်တင်စွပ်စွဲကြလေ သည်။ ထို့ကြောင့်လူတို့သည်သူ့ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်ခဲနှင့်ပေါက်သတ်ကြ၏။-
John 10:23သခင်ယေရှုသည်ဗိမာန်တော်ရှိရှောလမုန် မုခ်တွင် စင်္ကြံသွားလျက်နေတော်မူ၏။-
Acts 6:13ထို့နောက်သူတို့သည်မုသားသက်သေများကို ခေါ်ဆောင်ခဲ့ကြ၏။ ထိုသက်သေများက``ဤသူ သည်ဗိမာန်တော်နှင့်ပညတ်တရားတော်တို့ ကိုဆန့်ကျင်၍ အမြဲပြောဆိုလျက်နေပါ၏။-
Acts 9:1ဤအတောအတွင်း၌ရှောလုသည် သခင် ဘုရား၏တပည့်တော်တို့အားသတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နေ၏။ သူသည်ယဇ်ပုရော ဟိတ်မင်းထံသို့သွားပြီးလျှင်၊-