တမန်တော်ဝတ္ထု 8:37
(ဖိလိပ္ပုက``သင်သည်သခင်ယေရှုအားစိတ် နှလုံးအကြွင်းမဲ့ယုံကြည်ပါလျှင်ဗတ္တိဇံ မင်္ဂလာခံနိုင်ပါသည်'' ဟုပြန်ပြော၏။ အရာရှိ ကလည်း``သခင်ယေရှုခရစ်သည်ဘုရားသခင် ၏သားတော်ဖြစ်ကြောင်းအကျွန်ုပ်ယုံကြည်ပါ သည်'' ဟုဆို၏။)-
Common Language Bible
In The King James Version
In Context
Cross References
Matthew 28:19သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
John 6:68ရှိမုန်ပေတရုက ``အရှင်၊ အကျွန်ုပ်တို့သည် မည်သူထံသို့သွားကြရပါမည်နည်း။ ကိုယ် တော်ရှင်သာလျှင်ထာဝရအသက်ဆိုင်ရာ တရားကိုဟောပါ၏။-
John 11:27မာသက ``ယုံပါ၏သခင်။ အရှင်သည်ဤ လောကသို့ကြွလာမည့်ဘုရားသခင်၏ သားတော်မေရှိယဖြစ်တော်မူသည်ကို ကျွန်မယုံပါ၏'' ဟုလျှောက်၏။
Acts 2:38ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။-
Acts 8:21ဘုရားသခင်၏ရှေ့တော်တွင်သင်၏စိတ်ထား မမှန်ကန်သဖြင့် ငါတို့၏အလုပ်တွင်သင် မပါဝင်နိုင်။-
Romans 10:10အဘယ်ကြောင့်ဆိုသော်ငါတို့သည်ယုံကြည် ခြင်းအားဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ခွင့်ရ၍ နှုတ်ဖြင့်ဝန်ခံခြင်းအား ဖြင့်ကယ်တင်ခြင်းခံရသောကြောင့်ဖြစ်၏။-