တမန်တော်ဝတ္ထု 8:39
သူတို့ရေမှတက်လာကြသောအခါ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ဖိလိပ္ပုအားတစ်ပါး အရပ်သို့ဆောင်ယူသွားတော်မူသဖြင့် အရာရှိ သည်ဖိလိပ္ပုကိုနောက်တစ်ဖန်မတွေ့ရတော့ပေ။ သူသည်ဝမ်းမြောက်စွာဆက်လက်ခရီးပြုလေ သည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 2:16``ဤအရပ်တွင်အကျွန်ုပ်တို့လူငါးကျိပ်ရှိ ပါ၏။ အကျွန်ုပ်တို့အားလုံးပင်သန်မာသူ များဖြစ်ပါသည်။ အကျွန်ုပ်တို့အား အရှင် ၏သခင်ကိုသွားရောက်ရှာဖွေခွင့်ပြုတော်မူ ပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ဆောင်ယူပြီးလျှင် တောင်ပေါ်ဖြစ်စေ၊ ချိုင့်ထဲ သို့ဖြစ်စေတစ်နေရာရာတွင်ချထားကောင်း ချထားခဲ့ပါလိမ့်မည်'' ဟုပြောကြ၏။ ဧလိရှဲက``သင်တို့မသွားကြပါနှင့်'' ဟု တားမြစ်၏။
Psalms 119:111ပညတ်တော်တို့သည်ကွန်တော်မျိုး၏ ထာဝရပိုင်ဆိုင်ရာဖြစ်၍ကွန်တော်မျိုးအား ရ"င်လန်းဝမ်းမြောက်စေပါ၏။
Isaiah 55:12``သင်တို့သည်ဗာဗုလုန်ပြည်မှဝမ်းမြောက်စွာ ထွက်ခွာရကြလိမ့်မည်။ မြို့ထဲမှငြိမ်းချမ်းစွာထုတ်ဆောင်ခေါ်ယူခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီးတောင်ငယ်တို့သည်ဟစ်အော်၍ သီချင်းဆိုကြလိမ့်မည်။ သစ်ပင်များသည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
Isaiah 66:13မိခင်သည်သားငယ်ကိုနှစ်သိမ့်စေသကဲ့သို့ငါသည်သင်တို့အား ယေရုရှလင်မြို့တွင်နှစ်သိမ့်စေမည်။-
Ezekiel 8:3သူသည်လက်နှင့်တူသောအရာကိုဆန့်၍ငါ၏ဦးဆံကိုဆွဲကိုင်လိုက်၏။ ထိုနောက်ဤဗျာဒိတ်ရူပါရုံထဲ၌ဝိညာဉ်တော်သည်ငါ့အားလေထဲသို့ချီပင့်ပြီးလျှင် ယေရုရှလင်မြို့ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနေရာတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုတစ်ခုရှိသတည်း။
Ezekiel 11:24ဘုရားသခင်၏ဝိညာဉ်တော်ပေးတော်မူ သောဗျာဒိတ်ရူပါရုံထဲ၌ ဘုရားသခင် ၏ဝိညာဉ်တော်သည်ငါ့ကိုချီပင့်တော်မူ ပြီးလျှင် ပြည်နှင်ဒဏ်ခံရသူများရှိရာ ဗာဗုလုန်ပြည်သို့ပြန်လည်ပို့ဆောင်တော် မူ၏။ ထိုနောက်ဗျာဒိတ်ရူပါရုံသည်မှေး မှိန်၍သွားလေသည်။-