တမန်တော်ဝတ္ထု 9:39
ထို့ကြောင့်ပေတရုသည်ထိုသူနှစ်ယောက်နှင့် အတူလိုက်ခဲ့လေသည်။ ရောက်သောအခါလူ တို့သည်သူ့အားအိမ်အထက်ထပ်ရှိအခန်း သို့ခေါ်သွားကြ၏။ မုဆိုးမတို့သည်ပေတရု ၏အနီးတွင်ဝိုင်းအုံလျက်ငိုယိုကာ ဒေါ်ကာ အသက်ရှင်စဉ်အခါကချုပ်လုပ်ထားခဲ့သော အင်္ကျီများနှင့်အတွင်းခံအင်္ကျီများကိုပြ ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 1:24``ဣသရေလအမျိုးသမီးတို့၊ရှောလုအတွက် ငိုကြွေးမြည်တမ်းကြလော့။ သူသည်သင်တို့အားကမ္ဗလာနီထည်ကို ဝတ်ဆင်စေ၍ ကျောက်မျက်ရတနာ၊ရွှေတန်ဆာဖြင့် ဆင်ယင်ပေးတော်မူ၏။
Proverbs 10:7တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။
Ecclesiastes 9:10ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
Matthew 25:36ငါသည်အဝတ်အချည်းစည်းဖြစ်စဉ်အခါက အဝတ်ကိုဝတ်ဆင်ပေးကြ၏။ ငါဖျားနာစဉ် အခါကပြုစုကြ၏။ ငါထောင်ကျစဉ်အခါ ကငါ့ထံလာရောက်ကြ၏' ဟုမိန့်တော်မူ၏။''
Mark 14:8ဤအမျိုးသမီးသည်သူတတ်နိုင်သမျှငါ့ အားပြုစုလေပြီ။ ငါ၏ရုပ်အလောင်းကိုသင်္ဂြိုဟ် ရန် ကြိုတင်၍ဆီမွှေးနှင့်လိမ်းကျံလေပြီ။-
John 12:8ဆင်းရဲသူတို့သည်သင်တို့နှင့်အမြဲပင် ရှိကြ၏။ ငါမူကားသင်တို့နှင့်အမြဲရှိ မည်မဟုတ်'' ဟုမိန့်တော်မူ၏။