Amos 2:4
ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 31:16ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
Judges 2:11ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။-
2 Samuel 12:9သင်သည်အဘယ်ကြောင့်ငါ၏အမိန့်တော် ကိုမနာခံသနည်း။ အဘယ်ကြောင့်ဤဆိုး ညစ်မှုကိုပြုဘိသနည်း။ သင်သည်ဥရိယ အားစစ်ပွဲတွင်ကျဆုံးစေခဲ့၏။ အမ္မုန်ပြည် သားတို့အားသူ့ကိုသတ်ခွင့်ပေးပြီးလျှင် သူ ၏ဇနီးကိုသိမ်းပိုက်ခဲ့ပါသည်တကား။-
2 Kings 22:11မင်းကြီးသည်ပညတ်တရားကျမ်းစကား ကိုကြားသောအခါ ဝမ်းနည်းလျက်အဝတ် တော်ကိုဆုတ်လေသည်။-
2 Chronicles 30:7သင်တို့သည်ဘုရားသခင်ထာဝရဘုရား ကို သစ္စာဖောက်သူဘိုးဘေးများနှင့်အခြား ဣသရေလအမျိုးသားတို့ကဲ့သို့မပြု ကြနှင့်။ သင်တို့သိရှိကြသည့်အတိုင်း ကိုယ် တော်သည် ထိုသူတို့အားအပြစ်ဒဏ်ခတ် တော်မူခဲ့၏။-
Nehemiah 1:7အကျွန်ုပ်တို့သည်ကိုယ်တော်အားဆိုးသွမ်း စွာပြစ်မှားကြပါပြီ။ ကိုယ်တော်၏အမိန့် တော်များကိုမလိုက်နာကြပါ။ ကိုယ်တော် ၏အစေခံမောရှေမှတစ်ဆင့်ပေးအပ်တော် မူသည့်ပညတ်တော်တို့ကိုမစောင့်ထိန်း ကြပါ။-