Amos 5:14
သင်တို့သည်အသက်ချမ်းသာခွင့်ရရန် အတွက် အဆိုးကိုရှောင်၍အကောင်းကို သာရှာဖွေဆောင်ရွက်ကြလော့။ သို့ပြုလျှင် သင်တို့ဆိုသည့်အတိုင်းကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် သင်တို့နှင့်အတူအမှန်ပင်ရှိတော်မူမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 39:23ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ၍ သူတာဝန်ယူဆောင်ရွက်သမျှတို့၌အောင်မြင် စေတော်မူသောကြောင့် ထောင်မှူးသည်ယောသပ် အားတာဝန်များကိုစိတ်ချယုံကြည်စွာ လွှဲအပ်လေသည်။
Numbers 16:3ထိုသူအပေါင်းတို့သည်မောရှေနှင့်အာရုန် တို့ရှေ့တွင်စုရုံးရောက်ရှိလာ၍``သင်တို့၏ အပြုအမူမှာလွန်ကဲလေပြီ။ ဣသရေလ အမျိုးသားအပေါင်းကိုထာဝရဘုရား ရွေးကောက်တော်မူ၍ ထာဝရဘုရားသည် တစ်မျိုးသားလုံးနှင့်အတူရှိတော်မူ၏။ သို့ ဖြစ်၍မောရှေသည်အဘယ်ကြောင့်ထာဝရ ဘုရား၏ပရိသတ်အပေါ်မှာမိမိကိုယ် ကိုချီးမြှောက်ရပါသနည်း'' ဟုဆိုကြ၏။
1 Chronicles 28:20ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
Psalms 34:12သင်တို့သည်ပျော်ပျော်ပါးပါးနေထိုင်လို ကြပါသလော။ အသက်ရှည်ခြင်းနှင့်တကွပျော်ရွှင်ခြင်းကို လိုလားကြပါသလော။
Psalms 46:11အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
Proverbs 11:27ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။