Amos 5:15
အဆိုးကိုမုန်း၍အကောင်းကိုမြတ်နိုး လော့။ ရုံးတော်များ၌တရားမျှတမှုရှိ စေရန်စောင့်ရှောက်ကြလော့။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် ယောသပ်အမျိုးသားအနက်အသက်ရှင် လျက်ကျန်ရစ်သူအချို့ကို သနားကောင်း သနားတော်မူလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 32:30နောက်တစ်နေ့တွင်မောရှေက ဣသရေလ အမျိုးသားတို့အား``သင်တို့သည်ကြီးလေး သောပြစ်မှုကူးလွန်ခဲ့ကြပြီ။ ယခုငါသည် ထာဝရဘုရားရှိတော်မူရာတောင်ပေါ်သို့ တက်မည်။ သင်တို့၏အပြစ်ကိုလွှတ်ရန် ထာဝရ ဘုရားအားတောင်းပန်၍ရကောင်းရလိမ့်မည်'' ဟုဆိုလေ၏။-
1 Kings 20:31သူ၏အမှုထမ်းများသည်သူ့ထံသို့လာ၍``ဣသ ရေလဘုရင်များသည်သနားညှာတာတတ် ကြောင်း အကျွန်ုပ်တို့ကြားသိရပါသည်။ သို့ဖြစ် ၍အကျွန်ုပ်တို့အားဣသရေလဘုရင်ထံသွား ခွင့်ပြုတော်မူပါ။ အကျွန်ုပ်တို့သည်ခါးတွင် လျှော်တေစည်း၍လည်တွင်ကြိုးများပတ်ပြီး လျှင်သွားရောက်ကြပါမည်။ သူသည်အရှင် ၏အသက်ကိုချမ်းသာပေးကောင်းပေးပါ လိမ့်မည်'' ဟုလျှောက်ထားကြ၏။-
2 Kings 14:26ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ ပြင်းပြစွာခံစားနေရကြသောဆင်းရဲဒုက္ခ ကိုမြင်တော်မူ၏။ သူတို့အားကူမမည့်သူ တစ်ယောက်မျှမရှိချေ။-
2 Kings 19:4အာရှုရိဧကရာဇ်ဘုရင်သည်မိမိ၏ဗိုလ်ချုပ် ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားကိုပြောဆို စေပါ၏။ သင်၏ဘုရားသခင်ထာဝရဘုရား သည်ထိုစကားကိုကြားတော်မူ၍ယင်းသို့ ပြောဆိုသူတို့အားအပြစ်ဒဏ်စီရင်တော် မူပါစေသော။ သို့ဖြစ်၍အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အတွက်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ လော့'' ဟုဟေရှာယထံလျှောက်ထားစေ၏။
Psalms 34:14ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
Psalms 37:27ဒုစရိုက်ကိုရှောင်ကြဉ်၍သုစရိုက်ကိုပြုလော့။ သို့ပြုလျှင်သင်၏သားမြေးတို့သည်ပြည်တော် တွင် အစဉ်အမြဲနေရလိမ့်မည်။