Amos 5:25
``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်နေစဉ်ကယဇ်ပူဇော်သကာတို့ ကို ငါ့အားမပူဇော်ဘဲနေခဲ့ကြသည်မ ဟုတ်လော။-
Common Language Bible
In The King James Version
Have ye offered unto me sacrifices and offerings in the wilderness forty years, O house of Israel?
In Context
Cross References
Deuteronomy 32:17သူတို့သည်ဘိုးဘေးတို့မကိုးကွယ်ခဲ့ဘူးသော ဣသရေလလူမျိုးမဆည်းကပ်ခဲ့ဘူးသော၊ ဘုရားသစ်များအားယဇ်ပူဇော်ကြ၏။
Nehemiah 9:18သူတို့သည်နွားလားဥသဘရုပ်ကိုသွန်းလုပ် ပြီးလျှင် ဤဘုရားကားငါတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာသောဘုရားပင်တည်း'' ဟုဆို ကြပါ၏။ အို ထာဝရဘုရားသူတို့သည်ကိုယ်တော်အား လွန်စွာစော်ကားကြပါသည်တကား။
Isaiah 43:23သင်တို့သည်မိမိတို့မီးရှို့ပူဇော်ရာသိုးများကို ငါ့ထံသို့မယူဆောင်ခဲ့ကြ။ သင်တို့၏ယဇ်များဖြင့်ဂုဏ်ပြုချီးမြှောက်ခြင်း ခံရသူမှာလည်းငါမဟုတ်။ ငါသည်ပူဇော်သကာများကိုတောင်းဆိုခြင်း အားဖြင့် သင်တို့အားဝန်မလေးစေပါ။ မွှေးကြိုင်သောနံ့သာပေါင်းကို တောင်းဆိုခြင်းအားဖြင့်လည်းသင်တို့စိတ်ကို မငြီးငွေ့စေပါ။
Ezekiel 20:16ယင်းသို့ကျိန်ဆိုရခြင်းအကြောင်းမှာသူတို့ သည် မိမိတို့၏ရုပ်တုကိုးကွယ်မှုကိုပိုမို နှစ်သက်ကြလျက် ငါ၏အမိန့်တော်တို့ကို ပစ်ပယ်ကာငါ၏ပညတ်တော်တို့ကိုချိုး ဖောက်၍ ဥပုသ်နေ့ကိုမရိုမသေပြုကြ သောကြောင့်ဖြစ်၏။
Hosea 9:9သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
Acts 7:42သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ ``အို ဣသရေလအမျိုးအနွယ်တို့၊သင်တို့သည် တောကန္တာရတွင်၊အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်များကိုပူဇော်ဆက်သကြ၏။ သို့ဆက်သသည်မှာငါ့အားဆက်သခြင်း မဟုတ်။