The Bible Software
bible.software › Amos › Amos 6 › Amos 6:10

Amos 6:10

သေ​လွန်​သူ​တစ်​ဦး​၏​ဆွေ​မျိုး​တစ်​ယောက်​က သေ​လွန်​သွား​သူ​၏​အ​လောင်း​ကို​မီး​သတ်​ရန် ရောက်​လာ​၍ အိမ်​အ​တွင်း​ထဲ​၌​ရှိ​နေ​သူ​တစ် ယောက်​အား``မည်​သူ​များ​ကျန်​ပါ​သေး သ​နည်း'' ဟု​မေး​လိုက်​သော်၊ ``မည်​သူ​မျှ​မ​ကျန်​တော့​ပါ'' ဟူ​သော အ​ဖြေ​ကို​သာ​ကြား​ရ​လိမ့်​မည်။ ယင်း​နောက်​ထို​သူ​က​ပင်``တိတ်​လော့၊ ထာ​ဝ​ရ ဘု​ရား​၏​နာ​မ​တော်​ကို​မျှ​မ​ဆို​မိ​ရန် ငါ တို့​သ​တိ​ထား​ရ​မည်'' ဟု​ဆို​လိမ့်​မည်။

Common Language Bible

In The King James Version

And a man’s uncle shall take him up, and he that burneth him, to bring out the bones out of the house, and shall say unto him that is by the sides of the house, Is there yet any with thee? and he shall say, No. Then shall he say, Hold thy tongue: for we may not make mention of the name of the LORD.

In Context

9အိမ်​ထောင်​တစ်​အိမ်​ထောင်​တွင်​လူ​ဆယ်​ယောက် ကျန်​ရစ်​နေ​လျှင်​လည်း ယင်း​တို့​အား​လုံး သေ​ရ​လိမ့်​မည်။-

11ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကြောင့်​အိမ် ရာ​ကြီး​ငယ်​တို့​သည် အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ပြို​ကွဲ​ပျက်​စီး​သွား​ရ​လိမ့်​မည်။-

Read all of Amos 6

Cross References

1 Samuel 31:12သူ​ရဲ​ကောင်း​အ​ချို့​တို့​သည် ဗက်​ရှန်​မြို့​ကို တစ်​ည​လုံး​ချီ​တက်​သွား​ကြ​၏။ သူ​တို့​သည် ရှော​လု​နှင့်​သား​တော်​တို့​၏​အ​လောင်း​များ ကို​မြို့​ရိုး​မှ​ဖြုတ်​ယူ​ပြီး​လျှင် ယာ​ဗက်​မြို့ သို့​သယ်​ဆောင်​၍​မီး​သင်္ဂြိုဟ်​လိုက်​ကြ​၏။-

2 Kings 23:16ထို​နောက်​သူ​သည်​လှည့်​လည်​၍​ကြည့်​သော​အ​ခါ တောင်​ပေါ်​တွင်​သင်္ချိုင်း​အ​ချို့​ကို​တွေ့​မြင်​သ​ဖြင့် ထို​သင်္ချိုင်း​များ​မှ​လူ​ရိုး​တို့​ကို​ထုတ်​ယူ​ကာ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​စေ​၏။ ဤ​နည်း​အား​ဖြင့် မင်း​ကြီး​သည် ထို​ယဇ်​ပလ္လင်​ကို​ညစ်​ညမ်း​စေ​တော် မူ​သ​တည်း။ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​လွန် လေ​ပြီး​သော​အ​ခါ​က ယေ​ရော​ဗောင်​မင်း​သည် မိ​မိ​ကျင်း​ပ​သည့်​ဘာ​သာ​ရေး​ပွဲ​တော်​အ​ခါ ၌​ယဇ်​ပလ္လင်​အ​နီး​တွင်​ရပ်​လျက်​နေ​စဉ် ပ​ရော ဖက်​တစ်​ပါး​ဟော​ကြား​ခဲ့​သည့်​ဗျာ​ဒိတ်​တော် အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။ ယော​ရှိ​မင်း​သည် လှည့်​လည်​၍ ကြည့်​ပြန်​ရာ​ယင်း​သို့​ဟော​ကြား ခဲ့​သည့်​ပ​ရော​ဖက်​၏​သင်္ချိုင်း​ကို​တွေ့​မြင် လျှင်၊-

Jeremiah 44:26သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​ရှိ​သည့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ငါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​မ​ဟာ​နာ​မ တော်​ကို​တိုင်​တည်​၍​မြွက်​ဆို​သည့်​က​တိ တော်​ကို ယ​ခု​သင်​တို့​နား​ထောင်​ကြ​လော့။ သင်​တို့​သစ္စာ​က​တိ​ပြု​ကြ​ရာ​တွင်`အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည် အ​တိုင်း' ဟု​ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို ရန်​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​အား ငါ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-

Ezekiel 24:21ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။-

Amos 8:3ထို​နေ့​၌​နန်း​တွင်း​တေး​သံ​တို့​သည် ငို​ကြွေး သံ​များ​အ​ဖြစ်​သို့​ကူး​ပြောင်း​သွား​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​၌​အ​လောင်း​ကောင် များ​ရှိ​နေ​ပြီး ယင်း​အ​လောင်း​များ​ကို​တိတ် တ​ဆိတ်​စွန့်​ပစ်​ကြ​လိမ့်​မည်'' ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Amos 6:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Amos 6:9Amos 6Amos 6:11 →