Amos 6:3
ဆိုးယုတ်သောနေ့ကာလကျရောက်တော့မည် ကိုသင်တို့ဝန်မခံလိုကြ။ သင်တို့ပြုပုံသည် အကြမ်းဖက်မှုကိုသာအားပေးရာရောက် နေ၏။-
Common Language Bible
In The King James Version
Ye that put far away the evil day, and cause the seat of violence to come near;
In Context
Cross References
Ecclesiastes 8:11အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။
Isaiah 56:12ဤသေသောက်ကြူးတို့က`လာကြ၊ ငါတို့သည် စပျစ်ရည်ကိုယူ၍အစွမ်းကုန်သောက်ကြ ကုန်အံ့။ နက်ဖြန်နေ့သည်ယနေ့ထက်ပင်ပို ၍မွေ့လျော်ဖွယ်ကောင်းလိမ့်မည်' ဟုဆို တတ်ကြ၏။''
Ezekiel 12:27``အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ကသင်မြင်သောဗျာဒိတ်ရူပါရုံများနှင့် သင် ဟောကြားသောဗျာဒိတ်စကားများသည် ဝေး ကွာသည့်အနာဂတ်ကာလနှင့်ဆိုင်သည်ဟု ထင်မှတ်ကြ၏။-
Amos 3:10ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။-
Amos 5:18ထာဝရဘုရား၏နေ့တော်ကိုစောင့်မျှော် နေသူများအတွက် အလွန်ကြောက်စရာ ကောင်းလှပါသည်တကား။ ထိုနေ့တော် သည်သင်တို့ကိုမည်သို့လျှင်အကျိုးပြု နိုင်မည်နည်း။ အလင်းမရှိဘဲအမှောင်ဖုံး သောနေ့သာလျှင်ဖြစ်လိမ့်မည်။-
Amos 9:10ငါ၏လူမျိုးထဲမှ`ဘုရားသခင်သည်ငါတို့ကို ဒုက္ခပေးလိမ့်မည်မဟုတ်' ဟုဆိုသောအပြစ်ရှိ သူမှန်သမျှသည်စစ်ပွဲ၌သေဆုံးရမည်။''