Amos 9:11
ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 80:12ထိုအပင်ကိုကာရံထားသည့်ခြံစည်းရိုးများကို အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ချိုးဖျက်တော်မူပါသနည်း။ ယခုအခါအနီးမှဖြတ်သန်းသွားလာ သူတိုင်းပင်လျှင်စပျစ်သီးများကိုခိုးယူ နိုင်ပါ၏။
Psalms 143:5ကျွန်တော်မျိုးသည်ကုန်လွန်ခဲ့သည့်နေ့ရက်တို့ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်ရှင်ပြုတော်မူခဲ့သောအမှုအရာ ရှိသမျှတို့ကိုဆင်ခြင်ပါ၏။ ကိုယ်တော်ရှင်၏လက်ရာတော်တို့ကိုစဉ်းစားပါ၏။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
Isaiah 16:5ထိုအခါဒါဝိဒ်၏သားမြေးတစ်ဦးတည်း နန်းတက်၍ပြည်သူတို့အားသစ္စာ၊ မေတ္တာနှင့် အုပ်စိုးလိမ့်မည်။ သူသည်မှန်ရာကိုပြုရန် လက်နှေးလိမ့်မည်မဟုတ်။ တရားသဖြင့် စီရင်ဆုံးဖြတ်ပေးလိမ့်မည်။)
Jeremiah 23:5ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
Jeremiah 33:14ထာဝရဘုရားက``ဣသရေလပြည်သား များနှင့်ယုဒပြည်သားတို့အား ငါထား ရှိခဲ့သည့်ကတိတော်ကိုအကောင်အထည် ဖော်စေမည့်အချိန်ကာလကျရောက်လာ လိမ့်မည်။-