The Bible Software
bible.software › Amos › Amos 9 › Amos 9:13

Amos 9:13

ထာ​ဝ​ရ​ဘု​ရား​က ``စ​ပါး​ရိတ်​၍​မ​မီ​နိုင်​လောက်​အောင်​ပင် ပျိုး​က​သန်​လှ​သည့်​အ​ချိန်​ကာ​လ​နှင့် စ​ပျစ်​ရည်​လုပ်​နိုင်​သည်​ထက်​စ​ပျစ်​သီး​များ လှိုင်​နေ​သော​နေ့​ရက်​များ​ရောက်​လာ​မည်။ တောင်​တန်း​ကြီး​ငယ်​တို့​မှ​စ​ပျစ်​ရည်​ချို စီး​ယို​နေ​သော အ​ချိန်​ကာ​လ​ရောက်​လာ​မည်။

Common Language Bible

In The King James Version

Behold, the days come, saith the LORD, that the plowman shall overtake the reaper, and the treader of grapes him that soweth seed; and the mountains shall drop sweet wine, and all the hills shall melt.

In Context

12သို့​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျန်​ကြွင်း​သ​မျှ​သော​ဧ​ဒုံ​ပြည်​ကို​လည်း ကောင်း၊ တစ်​ချိန်​က​ငါ​ပိုင်​စိုး​ခဲ့​သော​နိုင်​ငံ တိုင်း​ကို​လည်း​ကောင်း​ပြန်​လည်​သိမ်း​ပိုက်​ခွင့် ရ​လိမ့်​မည်'' ဟု​ဤ​အ​မှု​ကို​ဖြစ်​စေ​မည့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

14ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​နေ​ရင်း ပြည်​သို့ ပြန်​လည်​ဆောင်​ယူ​လာ​မည်။ သူ​တို့​သည်​ပြို​လဲ​နေ​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​၍ ထို​မြို့​များ​၌​ပြန်​လည်​နေ​ထိုင်​ခွင့်​ရ​ကြ လိမ့်​မည်။ စ​ပျစ်​ခြံ​များ​ကို​စိုက်​ပျိုး​၍​စ​ပျစ်​ရည် သောက်​ခွင့်​ရ​ကြ​လိမ့်​မည်။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​၍ ကိုယ်​တိုင်​စိုက်​သော​သီး​နှံ​တို့​ကို​ကိုယ်​တိုင် စား​ရ​သော​အ​ခွင့်​ရ​ကြ​လိမ့်​မည်။

Read all of Amos 9

Cross References

Leviticus 26:5အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။

Psalms 97:5ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​သော အ​ရှင်​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့ တော်​၌​တောင်​တို့​သည်​ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ပျော်​ကြ​ကုန်​၏။

Isaiah 55:13ယ​ခု​ဆူး​ပင်​များ​ပေါက်​လျက်​ရှိ​ရာ​အ​ရပ်​တွင် အာ​ရဇ်​ပင်(သစ်​က​တိုး) များ​ပေါက်​၍​လာ​လိမ့်​မည်။ ဆူး​ခြုံ​များ​ရှိ​ရာ​အ​ရပ်​တွင်​မု​ရ​တု​ပင်​များ ပေါက်​ရောက်​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​သည်၊ငါ​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အောက်​မေ့​သ​တိ​ရ​စေ​ရန် ထာ​ဝ​စဉ်​တည်​မြဲ​သည့်​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ် ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Hosea 2:21ထို​အ​ခါ​၌​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ငါ​သည်​မြေ​ကြီး​ပေါ်​တွင်​မိုး​ကို​ရွာ​စေ​သ​ဖြင့် မြေ​ကြီး​မှ​စ​ပါး၊ စ​ပျစ်​သီး​နှင့်​သံ​လွင်​သီး များ သီး​လိမ့်​မည်။

Joel 3:20ငါ​သည်​အ​သတ်​ခံ​ခဲ့​ရ​ကြ​သူ​များ​အ​တွက် လက်​စား​ချေ​မည်။ အ​ပြစ်​ရှိ​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကို​မူ​ကား၊ ထာ​ဝ​စဉ်​လူ​တို့​နေ​ထိုင်​ရာ​ဖြစ်​စေ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​ဇိ​အုန်​တောင်​ပေါ် တွင် ကျိန်း​ဝပ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​လ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

John 4:35နောက်​လေး​လ​မျှ​ကြာ​လျှင်​ကောက်​ရိတ်​ချိန် ရောက်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​ကြ​သည် မ​ဟုတ်​လော။ သင်​တို့​အား​ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို​မျှော်​ကြည့်​လော့။ ရိတ်​သိမ်း ရန်​သီး​နှံ​တို့​သည်​မှည့်​ဝင်း​လျက်​ရှိ​ပေ​ပြီ။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Amos 9:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Amos 9:12Amos 9Amos 9:14 →