Amos 9:15
ငါသည်ငါ၏လူမျိုးတော်ကိုငါပေးခဲ့သော နေရင်းပြည်၌ပင်နေထိုင်စေမည်။ အဘယ်သူမျှသူတို့ကိုနောက်တစ်ဖန် ဆွဲနုတ်ခြင်းမခံစေရ'' ဟု သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပြီ။ ပရောဖက်အာမုတ်စီရင်ရေးသားသော အနာဂတ္တိကျမ်းပြီး၏။
Common Language Bible
In The King James Version
In Context
Cross References
Jeremiah 16:15ယင်းသို့ကျိန်ဆိုမည့်အစားလူတို့သည်ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲလွင့် စေရာအခြားပြည်အပေါင်းမှလည်းကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက်ရှင် တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ငါသည် သူတို့အားမိမိတို့ပိုင်သောပြည်၊ သူတို့ ဘိုးဘေးများအားငါပေးအပ်ခဲ့သည့် ပြည်သို့ပြန်လည်ခေါ်ဆောင်လာတော်မူ မည်'' ဟုမိန့်တော်မူ၏။
Jeremiah 32:41သူတို့အားကောင်းကျိုးပေးရန်ကိုသာနှစ် သက်မည်။ ဤပြည်တွင်အစဉ်အမြဲ နေရာ ချထားမည်။
Ezekiel 37:25သူတို့သည်မိမိတို့ဘိုးဘေးများနေထိုင် ခဲ့ကြသည့်ပြည်တည်းဟူသောငါ၏အစေ ခံယာကုပ်အား ငါပေးအပ်သည့်ပြည်တွင် နေထိုင်ရကြလိမ့်မည်။ သူတို့နည်းတူသူ တို့၏သားသမီးများနှင့်အဆက်အနွယ် အပေါင်းတို့သည်ထိုပြည်တွင်အစဉ်အမြဲ နေထိုင်ရကြလိမ့်မည်။ ငါ၏အစေခံဒါဝိဒ် ကဲ့သို့သောဘုရင်သည်သူတို့ကိုအစဉ် အုပ်စိုးလိမ့်မည်။-
Micah 4:4လူတိုင်းပင်မိမိတို့၏စပျစ်ဥယျာဉ်၊မိမိတို့၏ သဖန်းခြံထဲ၌မကြောက်လန့်ရဘဲ၊ အေးချမ်းသာယာစွာနေထိုင်ရလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်မြွက်တော်မူသောကတိတော်ဖြစ်သတည်း။