ကောလောသဲဩဝါဒစာ 1:16
အဘယ်ကြောင့်ဆိုသော်ထိုသားတော်အားဖြင့် ဘုရားသခင်သည်ကောင်းကင်လောကရှိတန် ခိုးရှင်များနှင့် အာဏာပိုင်များအပါအဝင် ကောင်းကင်နှင့်ကမ္ဘာမြေပေါ်ရှိမျက်စိဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ ဟူသမျှကိုဖန်ဆင်းတော်မူသောကြောင့် တည်း။ ဘုရားသခင်သည်ထိုသခင်၏ အဖို့အလို့ငှါထိုသခင်အားဖြင့်စကြ ဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 29:11ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
Proverbs 16:4ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
Isaiah 43:21ထိုလူမျိုးတော်ကားမိမိအဖို့ငါ ဖန်ဆင်းခဲ့သူများဖြစ်၏။ သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
John 1:3ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်း၍ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိ။-
Romans 11:36ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ခပ်သိမ်းသောအရာတို့ သည်ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ် တော်၏အတွက်လည်းကောင်းတည်လျက် ရှိကြ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုန်း အသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။
Ephesians 1:10ဤအကြံအစည်တော်ကားအချိန်တန်သော အခါခရစ်တော်အားဦးစီးခေါင်းဆောင်ပြုစေ လျက် မိုးမြေ၌ရှိသမျှသောအဖန်ဆင်းခံတို့ ကိုစုပေါင်းစေရန်ပင်ဖြစ်သတည်း။