ကောလောသဲဩဝါဒစာ 1:2
ကောလောသဲမြို့ရှိဘုရားသခင်၏လူစုတော် ဝင်များဖြစ်သူ၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ခရစ်တော်ကိုသစ္စာရှိသူညီ အစ်ကိုများထံသို့စာရေးလိုက်ပါသည်။ သင် တို့သည်ငါတို့အဖဘုရားသခင်ထံတော် မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ကြရပါစေသော။
Common Language Bible
In The King James Version
In Context
Cross References
Romans 1:7ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကိုသင်တို့ခံစားရကြပါစေသော။
1 Corinthians 4:17ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။
Galatians 3:9အာဗြဟံသည်ဘုရားသခင်အားယုံကြည် သည့်အတွက် ကောင်းချီးမင်္ဂလာခံစားရသည်။ သို့ဖြစ်၍ယုံကြည်သူလူအပေါင်းတို့သည် အာဗြဟံနည်းတူကောင်းချီးမင်္ဂလာကိုခံစား ရကြ၏။
Ephesians 6:21ငါနှင့်ပတ်သက်သောအကြောင်းအရာကိုသင် တို့သိစေခြင်းငှာ သတင်းအလုံးစုံကိုသင် တို့အားတုခိတ်ကပြောပြလိမ့်မည်။ သခင် ဘုရား၏အမှုတော်ကိုဆောင်ရာတွင်သူ သည်ငါတို့အားသစ္စာရှိစွာကူညီသူ၊ ငါ တို့၏ချစ်လှစွာသောညီဖြစ်ပေသည်။-
2 Peter 1:2ဘုရားသခင်နှင့်ငါတို့အရှင်ဖြစ်တော်မူသော သခင်ယေရှုခရစ်ကိုသိကျွမ်းရခြင်းအားဖြင့် သင်တို့သည်ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ကိုအပြည့်အဝခံစားရကြပါစေသတည်း။
Revelation 1:4ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-