ကောလောသဲဩဝါဒစာ 1:7
ဘုရားသခင်၏ကျေးဇူးတော်အကြောင်း ကိုသင်တို့အားသင်ကြားပေးသူမှာ ငါတို့ နှင့်အတူခရစ်တော်၏အမှုတော်ကိုထမ်း ဆောင်သူ၊ ငါတို့ချစ်မြတ်နိုးသူဧပဖြဖြစ်၏။ သူသည်ငါတို့၏ကိုယ်စားသစ္စာရှိစွာခရစ် တော်၏အမှုတော်ကိုထမ်းဆောင်သူဖြစ် ပေသည်။-
Common Language Bible
In The King James Version
As ye also learned of Epaphras our dear fellowservant, who is for you a faithful minister of Christ;
In Context
8ဝိညာဉ်တော်မှရရှိသောသင်တို့၏မေတ္တာ အကြောင်းကိုငါတို့အားသူပြောပြ၏။
Cross References
Matthew 24:45``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
1 Corinthians 4:2ယင်းသို့တာဝန်ယူဆောင်ရွက်ရသူတွင်ရှိရ မည့်အရည်အချင်းတစ်ခုကား မိမိသခင် ၏ပေါ်တွင်သစ္စာစောင့်ရန်ပင်ဖြစ်ပေသည်။-
1 Corinthians 7:25သင်တို့စာရေးမေးမြန်းသည့်အိမ်ထောင်မပြုဘဲ နေရေးကိစ္စနှင့်ပတ်သက်၍ငါပြောမည့်စကား သည် ငါ့အားသခင်ဘုရားမိန့်တော်မူချက်အရ ပြောသောစကားမဟုတ်။ သို့ရာတွင်သခင်ဘုရား ၏ကရုဏာတော်ကြောင့်ယုံကြည်ထိုက်သူတစ် ယောက်အနေဖြင့် ငါ၏ထင်မြင်ချက်ကိုဖော်ပြ လိုက်ပါသည်။
Ephesians 5:21ခရစ်တော်ကိုရိုသေလေးစားသောအားဖြင့်သင် တို့သည်တစ်ဦး၏အလိုကိုတစ်ဦးလိုက်လျော ကြလော့။
Philippians 2:25ငါ၏လုပ်ဖော်ဆောင်ဘက်၊ ငါနှင့်အတူတိုက်ပွဲ ဝင်ခဲ့သူ၊ ငါ့အားပြုစုရန်သင်တို့ကစေလွှတ် လိုက်သူ၊ ငါတို့၏ညီဧပဖြောဒိတ်ကိုသင်တို့ ထံသို့စေလွှတ်ရန်လိုအပ်သည်ဟုငါယူဆ၏။-
Colossians 4:12ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-