ကောလောသဲဩဝါဒစာ 2:15
ထိုလက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များနှင့်အာဏာ ပိုင်အပေါင်းတို့၏တန်ခိုးအာဏာကိုပယ်ရှား တော်မူပြီးနောက် ၎င်းတို့ကိုသုံ့ပန်းများအဖြစ် အောင်ပွဲလှည့်ရာတွင်နောက်မှလိုက်ပါစေကာ လူအပေါင်းတို့အားပြတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 68:18ကိုယ်တော်သည်သုံ့ပန်းများကိုခေါ်ဆောင်၍ မြင့်သောအရပ်သို့တက်ကြွတော်မူ၏။ ကိုယ်တော်သည်ပုန်ကန်သူတို့၏ထံမှ လက်ဆောင်ပဏ္ဏာများကိုခံယူတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည်ထိုအရပ် တွင် ကိန်းဝပ်တော်မူမည်။
Isaiah 53:12သို့ဖြစ်၍ငါသည်သူ့အားကြီးမြတ်သူ၊ တန်ခိုးကြီး သူများနှင့်အတူ၊ ဂုဏ်ထူးဆောင်နေရာကိုပေးအပ်တော်မူမည်။ သူသည်မိမိ၏အသက်ကိုသဒ္ဓာကြည်ဖြူစွာ စွန့်လှူပြီးလျှင်၊ ရာဇဝတ်ကောင်တို့၏ကံကြမ္မာကိုခံယူ၏။ သူသည်အပြစ်ကူးသူများကိုကိုယ်စားပြု၍ ထိုသူတို့ခံထိုက်သည့်အပြစ်ဒဏ်ကိုခံယူ ပေသည်'' ဟုမိန့်တော်မူ၏။
Luke 10:18ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။-
Luke 23:39လက်ဝါးကပ်တိုင်မှာရိုက်ဆွဲထားသောရာဇ ဝတ်သင့်သူနှစ်ယောက်အနက် တစ်ယောက်က ``သင် သည်မေရှိယပင်မဟုတ်ပါလော။ သင့်ကိုယ်ကို လည်းကောင်း၊ ငါတို့ကိုလည်းကောင်းကယ်တင် ပါလော့'' ဟုကိုယ်တော်အားကဲ့ရဲ့ပြောဆို၏။
John 16:11လောကကိုအစိုးရသူသည်တရားစီရင် ခြင်းကိုခံရပြီဖြစ်သောကြောင့် တရားစီရင် တော်မူခြင်းအကြောင်းကိုဖော်ပြမည်။''
Acts 2:23ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-