The Bible Software
bible.software › ကောလောသဲဩဝါဒစာ › ကောလောသဲဩဝါဒစာ 3 › ကောလောသဲဩဝါဒစာ 3:10

ကောလောသဲဩဝါဒစာ 3:10

လူ​သစ်​ကို​ဝတ်​ဆင်​ကြ​လေ​ပြီ။ ဖန်​ဆင်း​တော်​မူ ရှင်​ဘု​ရား​သ​ခင်​သည် ထို​လူ​သစ်​အား​မိ​မိ​၏ ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​အ​မြဲ​အ​သစ်​ပြု​ပြင် လျက်​နေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ သင်​တို့​သည်​ကိုယ်​တော်​ကို​ပြည့်​ဝ​စုံ​လင်​စွာ သိ​ကျွမ်း​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။-

Common Language Bible

In The King James Version

And have put on the new man, which is renewed in knowledge after the image of him that created him:

In Context

9တစ်ဦး​နှင့်​တစ်​ဦး​လိမ်​လည်​၍​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​သည်​အ​ကျင့်​ဆိုး​များ​နှင့်​တ​ကွ​လူ ဟောင်း​ကို​ချွတ်​ပယ်​ကာ၊-

11သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။

Read all of ကောလောသဲဩဝါဒစာ 3

Cross References

Genesis 1:26ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​တို့​သည် ငါ​တို့ ၏​ပုံ​သဏ္ဌာန်​နှင့်​တူ​သော​လူ​သတ္တ​ဝါ​တို့​ကို ဖန်​ဆင်း​ကြ​ကုန်​အံ့။ သူ​တို့​အား​ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့်​တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း​အ​ကြီး အ​ငယ်​တို့​ကို​အ​စိုး​ရ​စေ​မည်'' ဟု​မိန့်​တော် မူ​၏။-

Psalms 51:10အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို​သန့်​ရှင်း ဖြူ​စင်​အောင် ပြု​ပြင်​တော်​မူ​ပါ။ ကြံ့​ခိုင်​တည်​ကြည်​သော​စိတ်​သ​ဘော​သစ်​ကို ပေး​တော်​မူ​ပါ။

Isaiah 59:17ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​တည်း​ဟူ​သော သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​လျက် ကယ်​တင်​တော်​မူ ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​လုံး​ကို​ဆောင်း တော်​မူ​လိမ့်​မည်။ ပြင်း​ပြ​သော​မေတ္တာ​တော်​တည်း ဟူ​သော​ဝတ်​လုံ​ကို​လည်း​ကောင်း လူ​တို့​ခံ​ကြ သည့်​မ​တ​ရား​မှု​များ​အ​တွက်​လက်​စား​ချေ တော်​မူ​ခြင်း​တည်း​ဟူ​သော​အ​ဝတ်​ကို​လည်း ကောင်း ဝတ်​ဆင်​တော်​မူ​လိမ့်​မည်။-

Ezekiel 18:31သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။-

John 17:3ထာ​ဝ​ရ​အ​သက်​ဟူ​သည်​တစ်​ဆူ​တည်း​သော ဘု​ရား​ဖြစ်​တော်​မူ​သည့်​ကိုယ်​တော်​ကို​လည်း ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​ကို​လည်း​ကောင်း​သိ​ကျွမ်း​ခြင်း​ပင်​ဖြစ် ပါ​၏။-

Romans 12:2သင်​တို့​သည်​လော​ကီ​စံ​နှုန်း​ကို​လိုက်​၍​မ​ကျင့် ကြ​နှင့်။ သင်​တို့​သည်​မိ​မိ​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​လုံး​ဝ​ပြောင်း​လဲ​စေ​သော​အား ဖြင့် စိတ်​သ​ဘော​သစ်​ကို​ခံ​ယူ​လျက်​ပုံ​သဏ္ဌာန် ပြောင်း​လဲ​ကြ​လော့။ သို့​ပြု​လျှင်​ကောင်း​မြတ် သော​အ​ရာ၊ ကိုယ်​တော်​နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​သင်​တို့​သိ ရှိ​ကြ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ကောလောသဲဩဝါဒစာ 3:10

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← ကောလောသဲဩဝါဒစာ 3:9ကောလောသဲဩဝါဒစာ 3ကောလောသဲဩဝါဒစာ 3:11 →