ကောလောသဲဩဝါဒစာ 3:25
ဒုစရိုက်သမားသည်ထိုက်သင့်သောအပြစ်ဒဏ် ကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်တရားစီရင်ရာတွင်မျက်နှာကြီး ငယ်လိုက်တော်မမူသောကြောင့်ဖြစ်သည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 19:15``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
Deuteronomy 10:17သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
2 Chronicles 19:7ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍သတိ နှင့်ဆောင်ရွက်ကြလော့။ အဘယ်ကြောင့်ဆိုသော် ငါတို့ဘုရားသခင်ထာဝရဘုရားသည် လိမ်လည်ကောက်ကျစ်မှု၊ လူမျက်နှာကိုထောက် မှု၊ တံစိုးလက်ဆောင်စားမှုတို့ကိုခွင့်ပြုတော် မမူသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
Job 37:24သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။
Acts 10:34ထိုအခါပေတရုက ``အကယ်စင်စစ်ဘုရား သခင်သည်မျက်နှာကြီးငယ်ထောက်တော် မမူကြောင်းကို ယခုငါသိရှိနားလည်လာ ၏။-
1 Corinthians 6:7ဤသို့အချင်းချင်းတရားစွဲဆိုခြင်းသည် သင် တို့၏အတွက်ဆုံးရှုံးမှုဖြစ်စေ၏။ တရားစွဲဆို မည့်အစား မတရားပြုခြင်းကိုခံသည်ကပို ၍မကောင်းပါလော။ လုယက်ခြင်းခံရသည် ကပို၍မကောင်းပါလော။-