ကောလောသဲဩဝါဒစာ 3:7
အခါတစ်ပါးကသင်တို့ကိုယ်တိုင်လည်းထို အပြစ်ဒုစရိုက်များကိုကူးလွန်လျက် အသက်ရှင်နေထိုင်ခဲ့ကြ၏။
Common Language Bible
In The King James Version
In the which ye also walked some time, when ye lived in them.
In Context
Cross References
Romans 6:19(သင်တို့၏ဇာတိသဘောအရအားနည်းမှု ကြောင့် လူတို့နားလည်နိုင်သောဝေါဟာရကို ငါသုံးခြင်းဖြစ်သည်။) အခါတစ်ပါးက သင်တို့သည်ဆိုးယုတ်မှုအမျိုးမျိုးကိုပြု ကျင့်နိုင်ရန် မိမိတို့ကိုယ်ကိုညစ်ညမ်းဆိုးယုတ် မှု၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝအပ်နှံ ခဲ့ကြ၏။ ထိုနည်းတူစွာသင်တို့သည်ယခု အခါ၌သန့်ရှင်းမြင့်မြတ်သည့်အမှုကို ပြုကျင့်နိုင်ရန် မိမိတို့၏ကိုယ်ကိုဖြောင့်မတ် ခြင်းတရား၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝ အပ်နှံကြလော့။
1 Corinthians 6:11ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
Colossians 2:13သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊-
1 Peter 4:3လွန်ခဲ့သည့်ကာလကသင်တို့သည်မယုံ ကြည်သူများပြုကျင့်သကဲ့သို့အတန်ကြာ စွာပြုမူကျင့်ကြံခဲ့ကြ၏။ မပြုသင့်မပြု ထိုက်သည်ကိုပြုမူခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ သေသောက်ကြူးခြင်း၊ ပျော်ရွှင်မြူးတူးခြင်း၊ သေသောက်ပွဲများကျင်းပခြင်းနှင့်လွန်စွာ မနှစ်မြို့အပ်သည့်ရုပ်တုကိုးကွယ်ခြင်း တို့တွင်ပါဝင်ခဲ့ကြ၏။-