ကောလောသဲဩဝါဒစာ 3:9
တစ်ဦးနှင့်တစ်ဦးလိမ်လည်၍မပြောဆိုကြနှင့်။ သင်တို့သည်အကျင့်ဆိုးများနှင့်တကွလူ ဟောင်းကိုချွတ်ပယ်ကာ၊-
Common Language Bible
In The King James Version
Lie not one to another, seeing that ye have put off the old man with his deeds;
In Context
Cross References
Isaiah 63:8ထာဝရဘုရားက``သူတို့သည်ငါ၏လူမျိုး တော်ဖြစ်၍ငါ့အားလိမ်လည်လှည့်စားကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ် တော်သည်သူတို့ခံစားရသည့်ဒုက္ခဆင်းရဲ အပေါင်းမှကယ်တင်တော်မူ၏။-
Zephaniah 3:13အသက်မသေဘဲကျန်ရှိနေသည့်ဣသ ရေလပြည်သားတို့သည်အဘယ်သူကို မျှပြစ်မှားကြလိမ့်မည်မဟုတ်။ မုသား စကားပြောဆိုမှုကိုသော်လည်းကောင်း၊ လိမ်လည်လှည့်စားရန်ကြိုးစားမှုကိုသော် လည်းကောင်းပြုကြလိမ့်မည်မဟုတ်။ သူ တို့သည်ကောင်းစားကြလိမ့်မည်။ အဘယ် သူကိုမျှမကြောက်မလန့်ရဘဲ ဘေးမဲ့ လုံခြုံစွာနေရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
John 8:44သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
Ephesians 4:22သို့ဖြစ်၍အထက်ကကျင်လည်ခဲ့သောလူဟောင်း ဘဝကိုစွန့်ပစ်လော့။ လှည့်ဖြားတတ်သောဆန္ဒများ ကြောင့်ယိုယွင်းပျက်စီးသည့်လူဟောင်းကိုစွန့်လွှတ် ကြလော့။-
Colossians 3:8သို့သော်ယခုအခါ၌သင်တို့သည်အမျက် ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မုန်းတီးခြင်း၊ သူတစ် ပါးအသရေကိုဖျက်ခြင်း၊ ညစ်ညမ်းသော စကားကိုပြောဆိုခြင်းစသည်တို့ကိုပယ် ရှားကြလော့။-
Titus 1:12သူတို့၏ပရောဖက်ဖြစ်သူကရေတေကျွန်း သားတစ်ဦးကပင်လျှင်``ကရေတေကျွန်းသား တို့သည်အစဉ်လိမ်လည်သူများ၊ သားရဲဆိုး များ၊ ပျင်းရိစားကြူးသူများဖြစ်၏'' ဟုပြော ဆိုခဲ့၏။ ထိုသူ၏ပြောဆိုချက်သည်မှန်ပေ သည်။ သို့ဖြစ်၍သူတို့သည်အမှန်တကယ် ယုံကြည်လာကြစေရန်လည်းကောင်း၊ ယုဒ ဒဏ္ဍာရီစကားများနှင့်သမ္မာတရားကို ပစ်ပယ် သူတို့၏ပညတ်များကိုစွန့်လွှတ်လိုက်ကြ စေရန်လည်းကောင်းသူတို့အားကြပ်တည်း စွာဆုံးမရမည်။-