ကောလောသဲဩဝါဒစာ 4:10
ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။
Common Language Bible
In The King James Version
In Context
Cross References
Acts 12:12ဤသို့သိရှိလာသောအခါ သူသည်ယောဟန် မာကု၏အမိမာရိ၏အိမ်သို့သွား၏။ ထို အိမ်တွင်လူအမြောက်အမြားစုဝေး၍ဆု တောင်းပတ္ထနာပြုလျက်နေကြ၏။-
Acts 13:13ပေါလုနှင့်အပေါင်းဖော်များသည်ပါဖုမြို့မှ သင်္ဘောလွှင့်၍ ပံဖုလိပြည်ပေရဂေမြို့သို့ရောက် ကြ၏။ ထိုအခါယောဟန်မာကုသည်သူတို့ နှင့်ခွဲခွာ၍ယေရုရှလင်မြို့သို့ပြန်လေ၏။-
Acts 19:29တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
Acts 27:2ကျွန်ုပ်တို့သည်အာရှနယ်ကမ်းခြေတစ်လျှောက် ရှိသော သင်္ဘောဆိပ်မြို့များသို့သွားမည့်ဆဲဆဲ ဖြစ်သောသင်္ဘောတစ်စင်းပေါ်သို့တက်၍ရွက် လွှင့်ကြ၏။ ထိုသင်္ဘောသည်အာဒြမုတ္တိမြို့မှ လာသောသင်္ဘောဖြစ်၏။ မာကေဒေါနိပြည် သက်သာလောနိတ်မြို့သားအာရိတ္တခုသည် လည်းကျွန်ုပ်တို့နှင့်အတူပါလာ၏။-
Romans 16:7အန္ဒြောနိတ်နှင့်ယုနိတို့ကိုနှုတ်ဆက်ကြလော့။ သူတို့ သည်ငါနှင့်အတူအကျဉ်းခံခဲ့သောယုဒအမျိုးသား များဖြစ်ကြ၏။ သူတို့သည်တမန်တော်များအဖြစ် ဖြင့်ထင်ပေါ်ကျော်ကြားသူများ၊ ငါ၏အလျင် ခရစ်တော်ကိုသိကြသူများတည်း။
2 Timothy 4:11လုကာတစ်ဦးတည်းသာလျှင်ငါနှင့်အတူရှိ တော့၏။ မာကုကိုရှာ၍သင်နှင့်အတူခေါ်ခဲ့ လော့။ သူသည်ငါ၏လုပ်ငန်းတွင်ကူညီနိုင်သူ ဖြစ်ပေသည်။-