ကောလောသဲဩဝါဒစာ 4:5
သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။-
Common Language Bible
In The King James Version
Walk in wisdom toward them that are without, redeeming the time.
In Context
Cross References
Psalms 90:12ကျွန်တော်မျိုးတို့အားမိမိတို့အသက်မည်မျှ တိုတောင်းကြောင်းကိုသိရှိနိုင်ရန်သွန်သင်တော်မူပါ။ သို့မှသာလျှင်ကျွန်တော်မျိုးတို့သည်ဉာဏ်ပညာ ရရှိလာကြပါလိမ့်မည်။
Matthew 10:16``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
Romans 16:19သင်တို့သည်သတင်းကောင်းကိုအဘယ်မျှစွဲမြဲစွာ ယုံကြည်ကြကြောင်းကိုလူတိုင်းပင်ကြားသိရ၏။ သို့ဖြစ်၍ငါသည်သင်တို့အတွက်ဝမ်းမြောက်၏။ သင်တို့သည်ကောင်းမြတ်သောအမှုအဘယ်အရာ ဖြစ်သည်ကိုသိသောပညာရှိများဖြစ်ပြီးလျှင် ညစ်ညမ်းသောအမှုနှင့်ပတ်သက်၍အပြစ်ကင်း သူများဖြစ်ကြစေလို၏။-
1 Corinthians 14:19သို့သော်ပရိသတ်ဝတ်ပြုခြင်းတွင်ထူးဆန်းသော ဘာသာစကားအခွန်းပေါင်းအထောင်အသောင်း ထက်သွန်သင်ရန်နားလည်နိုင်သည့်စကားငါး ခွန်းမျှကိုပို၍ငါပြောဆိုလို၏။
Colossians 3:16ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
1 Timothy 3:7ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန်နှင့်မာရ်နတ် ၏ကျော့ကွင်းထဲသို့မကျရောက်စေရန်သူ သည်အသင်းတော်အပရှိလူတို့၏ရိုသေ လေးစားမှုကိုခံရသူဖြစ်ရမည်။