The Bible Software
bible.software › Daniel › Daniel 1 › Daniel 1:2

Daniel 1:2

ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။

Common Language Bible

In The King James Version

And the Lord gave Jehoiakim king of Judah into his hand, with part of the vessels of the house of God: which he carried into the land of Shinar to the house of his god; and he brought the vessels into the treasure house of his god.

In Context

1ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​သုံး​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​ဝိုင်း​ရံ​ထား​၏။-

3မင်း​ကြီး​သည်​ဣ​သ​ရေ​လ​သုံ့​ပန်း​များ​တွင် မင်း​မျိုး​မင်း​နွယ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ​အိမ်​ထောင်​စု​များ​မှ၊ ရုပ်​ရည်​သန့်​ပြန့်​သူ၊ အ​သိ​ပ​ညာ​အ​တတ်​ပ​ညာ​ရှိ​မှု၊ ပ​ညာ​ဉာဏ်​ထက်​မျက်​မှု၊ ကိုယ်​အင်္ဂါ​ချို့​ယွင်း​ခြင်း​နှင့်​ကင်း​မှု အ​စ​ရှိ​သည့်​အ​ရည်​အ​ချင်း​များ​နှင့်​ပြည့်​စုံ​၍ နန်း​တွင်း​အ​မှု​ထမ်း​နိုင်​မည့်​လူ​ငယ်​လူ​ရွယ်​အ​ချို့​တို့​ကို​ရွေး​ချယ်​ရန် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​အား​အ​မိန့်​ပေး​တော်​မူ​၏။ သူ​တို့​အား​ဗာ​ဗု​လုန်​ဘာ​သာ​ကို​ဖတ်​တတ်​ရေး​တတ်​အောင်​သင်​ကြား​ပေး​ရန်​နှင့်၊-

Read all of Daniel 1

Cross References

Genesis 11:2သူ​တို့​သည်​အ​ရှေ့​မျက်​နှာ​သို့​ခ​ရီး​ပြု​ကြ​ရာ ဗာ​ဗု​လုန်​ပြည်​ရှိ​မြေ​ပြန့်​တစ်​နေ​ရာ​သို့​ရောက် ၍ ထို​နေ​ရာ​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ​လေ​သည်။-

Deuteronomy 32:30လူ​တစ်​ထောင်​တပ်​ကို​လူ​တစ်​ယောက် က​လည်း​ကောင်း၊ လူ​တစ်​သောင်း​တပ်​ကို​လူ​နှစ်​ယောက်​တို့ က​လည်း​ကောင်း အ​ဘယ်​ကြောင့်​နှိမ်​နင်း​နိုင်​ခဲ့​သ​နည်း။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့်​တည်း။ သူ​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ရန်​သူ​လက်​သို့​အပ်​တော်​မူ သော​ကြောင့်​တည်း။

Judges 3:8သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​မျက်​တော်​ထွက်​သ​ဖြင့် မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်​အား သူ​တို့​ကို​နှိမ်​နင်း​အောင်​မြင်​စေ​တော်​မူ​၏။ သူ တို့​သည်​ရှစ်​နှစ်​ပတ်​လုံး​ထို​ဘု​ရင်​၏​လက် အောက်​ခံ​ဖြစ်​ရ​ကြ​လေ​သည်။-

Judges 16:23ဖိ​လိတ္တိ​ဘုရင်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​ဒါ​ဂုန် အား ယဇ်​ပူ​ဇော်​ရန်​နှင့်​အောင်​ပွဲ​ခံ​ရန်​အ​တွက် စု​ဝေး​ကြ​၏။ သူ​တို့​က``ငါ​တို့​၏​ဘု​ရား​သည် ငါ​တို့​အား​မိ​မိ​တို့​ရန်​သူ​ရှံ​ဆုန်​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု​သီ​ဆို​ကြ​၏။-

1 Samuel 31:9သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ သူ့ ထံ​မှ​ချွတ်​ယူ​သော​လက်​နက်​တန်​ဆာ​များ​နှင့် တ​ကွ ဖိ​လိတ္တိ​ပြည်​ရှိ​မိ​မိ​တို့​၏​နတ်​ဘု​ရား ရုပ်​တု​များ​နှင့် မိ​မိ​တို့​၏​အ​မျိုး​သား​များ ထံ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန်​လူ လွှတ်​ပေး​ပို့​ကြ​လေ​သည်။-

2 Chronicles 36:7ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​လည်း​ယူ​၍ မိ​မိ​၏​ဗာ​ဗု​လုန်​နန်း​တော်​တွင်​ထား​တော် မူ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 1:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 1:1Daniel 1Daniel 1:3 →