Daniel 10:12
ထိုသူက``အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည်အသိပညာကိုရရှိနိုင်မည် အကြောင်း မိမိကိုယ်ကိုနှိမ့်ချရန် ဦးစွာ ပထမစိတ်ပိုင်းဖြတ်လိုက်သည့်နေ့မှစ ၍ဘုရားသခင်သည် သင်၏ဆုတောင်းပတ္ထ နာကိုကြားတော်မူပြီ။ သင်၏လျှောက် ထားချက်ကိုဖြေကြားရန်ငါ့ကိုစေ လွှတ်တော်မူလိုက်၏။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 16:29သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။-
Numbers 29:7သင်တို့သည်သတ္တမလတစ်ဆယ့်လေးရက် နေ့တွင် စုဝေးဝတ်ပြုရမည်။ ထိုနေ့၌အစား အစာမစားရ၊ အလုပ်မလုပ်ရ။-
Isaiah 35:4စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
Isaiah 41:14ထာဝရဘုရားက ``ဣသရေလအမျိုးသားတို့၊သင်တို့၏အမျိုးသည် သေးငယ်၍ ချည့်နဲ့သော်လည်း၊ မကြောက်ကြနှင့်၊သင်တို့ကိုငါကူမတော်မူ မည်။ သင်တို့ကိုကယ်တင်တော်မူသောအရှင်ကား၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် ငါပင်ဖြစ်ပေသည်။
Isaiah 65:24သူတို့ပြုသည့်ဆုတောင်းပတ္ထနာမပြီးမဆုံး မီ၌ပင်လျှင် ငါသည်သူတို့၏ပန်ကြားချက် ကိုနားညောင်းမည်။-
Daniel 9:20ငါသည်ဆက်လက်၍ဆုတောင်းပတ္ထနာပြု ကာ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ ၏လူမျိုးဖြစ်သောဣသရေလအမျိုးသား တို့၏အပြစ်များကိုလည်းကောင်းဖော်ပြ ဝန်ခံလျက် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ် သောဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပေးတော်မူရန် ငါ၏ဘုရားသခင်ထာဝရ ဘုရားအားအသနားခံလျက်နေ၏။-