Daniel 2:30
ဘုရားသခင်သည်ယင်းသို့လျှို့ဝှက်ခက်ခဲ သည့်အရာကို အကျွန်ုပ်အားသိစေတော် မူသည်မှာအကျွန်ုပ်သည် အခြားသူအပေါင်း တို့ထက်ပို၍အသိပညာရှိသောကြောင့် မဟုတ်ပါ။ အရှင်မင်းကြီးအားအိပ်မက်၏ အနက်ကိုသိရှိစေရန်နှင့် နှလုံးတော်ဆင် ခြင်ချက်များကိုနားလည်လာစေရန်ပင် ဖြစ်ပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:16ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။
Isaiah 45:4ငါရွေးချယ်ထားသည့်လူမျိုးတော်၊ ငါ၏အစေခံဣသရေလအမျိုးသားတို့အား ကူညီမစရန်အတွက်သင့်ကို ငါခန့်ထားခြင်းဖြစ်၏။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင့်အား ကြီးမြတ်သည့်ဂုဏ်အသရေကိုပေးပြီ။
Daniel 2:17ထိုနောက်ဒံယေလသည်အိမ်သို့ပြန်၍မိမိ ၏အဖော်များဖြစ်သောဟာနနိ၊ မိရှေလနှင့် အာဇရိတို့အားဖြစ်ပျက်သည့်အကြောင်း အရာများကိုပြောပြပြီးနောက်၊-
Amos 4:13တောင်များကိုတည်၍လေအဟုန်တို့ကို ဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။ နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။
Mark 13:20ထာဝရဘုရားသည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင် အဘယ်သူမျှအသက်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ကိုယ်တော် သည်မိမိရွေးချယ်ထားတော်မူသောသူများ အဖို့အလို့ငှာထိုနေ့ရက်ကာလကိုတိုစေ တော်မူပြီ။
Romans 8:28ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-