Daniel 2:38
ကိုယ်တော်သည်အရှင့်အားလူတို့နေထိုင် ရာကမ္ဘာမြေပြင်ရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကိုလည်းကောင်း အစိုးရစေတော်မူပါ၏။ အရှင်မင်းကြီး သည်ရုပ်တုကြီး၏ရွှေဦးခေါင်းဖြစ်တော် မူပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 50:10အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊ တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။
Jeremiah 27:6လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-
Daniel 4:21ထိုအပင်၏အကိုင်းအခက်များသည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် ကမ္ဘာတစ်ဝန်းလုံးစားသုံးနိုင်၏။ ထိုအပင် အောက်တွင်တောတိရစ္ဆာန်များနားနေကြ၏။ အကိုင်းအခက်များတွင်ငှက်တို့အသိုက်လုပ် ကြ၏။