Daniel 2:40
ထိုနောက်သံကဲ့သို့တောင့်တင်းခိုင်မာသော စတုတ္ထအင်ပါယာနိုင်ငံပေါ်ထွန်းလာပါ လိမ့်မည်။ သံသည်အရာခပ်သိမ်းကိုကျိုးပဲ့ ကြေမွစေတတ်သကဲ့သို့ ထိုနိုင်ငံသည် အခြားနိုင်ငံတို့ကိုချေမှုန်းပါလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Daniel 2:33ခြေသလုံးကိုသံဖြင့်ပြုလုပ်၍ခြေဖမိုး နှင့် ခြေဖဝါးတို့မှာသံတစ်ပိုင်းရွှံ့စေး သရွတ်တစ်ပိုင်းဖြစ်ပါ၏။-
Daniel 7:19ထိုနောက်ငါသည်အခြားသားရဲများနှင့်မတူတမူထူးခြားလျက်ကြေးဝါလက်သည်းများနှင့်သံသွားများဖြင့် ရန်သူကိုကိုက်စားနင်းချေတတ်သောစတုတ္ထသားရဲ၏အကြောင်းကိုသိလို၏။-
Daniel 8:24သူသည်ကိုယ်ပိုင်စွမ်းရည်မရှိဘဲတန်ခိုး ကြီးမား၍လာလိမ့်မည်။ သူသည်ကြောက်မက် ဖွယ်ကောင်းသည့်သတ်ဖြတ်ဖျက်ဆီးမှုများ ကိုပြု၍ အဘယ်အမှုကိစ္စတွင်မဆိုအောင် မြင်လိမ့်မည်။ တန်ခိုးကြီးမားသူများနှင့် ထာဝရဘုရား၏လူမျိုးတော်တို့ကို ဖျက်ဆီးလိမ့်မည်။-
Daniel 11:36``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
John 11:48သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။