Daniel 3:18
ကယ်တော်မမူလျှင်လည်းအကျွန်ုပ်တို့ သည်အရှင်၏ဘုရားကိုရှိမခိုး၊ အရှင် ၏ရွှေရုပ်ကြီးကိုလည်းဦးမညွှတ်ကြောင်း သိမှတ်တော်မူပါ'' ဟုပြန်လည်လျှောက် ထားကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 20:5ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
Joshua 24:15အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
Proverbs 28:1လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
Daniel 3:28မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။
Matthew 10:32``သို့ဖြစ်၍ငါ့ကိုအရှင်သခင်အဖြစ်လူတို့ ရှေ့တွင်ထုတ်ဖော်ဝန်ခံသူကိုငါ၏တပည့်အဖြစ် ဖြင့် ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ထုတ်ဖော်ဝန်ခံမည်။-
Matthew 16:2ကိုယ်တော်က ``နေဝင်ချိန်၌မိုးတိမ်နီလျှင် ရာသီဥတုသာယာလိမ့်မည်ဟူ၍လည်းကောင်း၊-