The Bible Software
bible.software › Daniel › Daniel 3 › Daniel 3:25

Daniel 3:25

ထို​သူ​တို့​က``မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး'' ဟု​လျှောက်​ထား​လျှင်၊ မင်း​ကြီး​က``ယင်း​သို့​ဖြစ်​ပါ​မူ​မီး​ထဲ​တွင် လူ​လေး​ယောက်​သွား​လာ​နေ​သည်​ကို​အ​ဘယ် ကြောင့်​ငါ​မြင်​ရ​ပါ​သ​နည်း။ သူ​တို့​အား တုပ်​နှောင်​ထား​ခြင်း​လည်း​မ​ရှိ၊ သူ​တို့​သည် မီး​လောင်​ခံ​ကြ​ရ​ပုံ​လည်း​မ​ပေါ်။ ထို့​ပြင် စ​တုတ္ထ​လူ​သည်​ကောင်း​ကင်​တမန် နှင့်​တူ​သည်'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

He answered and said, Lo, I see four men loose, walking in the midst of the fire, and they have no hurt; and the form of the fourth is like the Son of God.

In Context

24ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား``ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​တော်​မူ​၏။

26သို့​ဖြစ်​၍​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ပြင်း​စွာ အ​လျှံ​ထ​လျက်​နေ​သော​မီး​ဖို​ကြီး​အ​ဝ သို့​ချဉ်း​ကပ်​ပြီး​လျှင်``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့၊ မီး​ဖို​ထဲ​မှ​ထွက်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့ သည်​ချက်​ချင်း​ပင်​ထွက်​လာ​ကြ​၏။-

Read all of Daniel 3

Cross References

Job 1:6ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။

Job 38:7နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။

Psalms 91:3ကိုယ်​တော်​သည်​မ​မြင်​နိုင်​သော ဘေး​ဥ​ပဒ်​များ​မှ​လည်း​ကောင်း၊ သေ​စေ​တတ်​သော​အ​နာ​ရော​ဂါ​များ​မှ လည်း​ကောင်း သင့်​ကို​ကင်း​လွတ်​စေ​တော်​မူ​လိမ့်​မည်။

Isaiah 43:2သင်​တို့​သည်​ရေ​နက်​ထဲ​သို့​လျှောက်​သွား​ရ​သော​အ​ခါ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ဆင်း​ရဲ​ဒုက္ခ​များ​သည်​သင်​တို့​ကို​လွှမ်း​မိုး ရ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​မီး​ထဲ​သို့​လျှောက်​သွား​ရ​သော အ​ခါ မီး​အ​လောင်​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ပြင်း​ထန်​သော​စုံ​စမ်း​ခြင်း​များ​သည်​သင်​တို့​ကို ထိ​ခိုက်​နစ်​နာ​စေ​လိမ့်​မည်​မ​ဟုတ်။

Daniel 3:28မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း ကင်​တ​မန်​ကို​စေ​လွှတ်​တော်​မူ​၍ မိ​မိ​ကို​ယုံ ကြည်​ကိုး​စား​ကြ​သော​ဤ​သူ​သုံး​ဦး​တို့ အား​ကယ်​တင်​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​ကို ဦး​ညွှတ်​ရှိ​ခိုး​မည့်​အ​စား မိ​မိ​တို့​အ​သက် ဘေး​ကို​ပင်​ပ​မာ​ဏ​မ​ပြု​ဘဲ​ငါ​၏​အ​မိန့် ကို​ဖီ​ဆန်​ခဲ့​ကြ​၏။

Luke 1:35ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 3:25

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 3:24Daniel 3Daniel 3:26 →