Daniel 4:26
ကောင်းကင်တမန်များသည်သစ်ငုတ်ကို မြေတွင် ချန်ထားခဲ့ရန်အမိန့်ပေးသည်နှင့် အညီအရှင်သည် ကမ္ဘာကိုဘုရားသခင် အစိုးရကြောင်းသိမှတ်ဝန်ခံသောအခါ အရှင်၏ထီးနန်းကိုပြန်လည်ရရှိပါ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Daniel 2:37အရှင်မင်းကြီး၊ အရှင်သည်ဘုရင်တကာ တို့တွင် အကြီးမြတ်ဆုံးဖြစ်တော်မူပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အရှင့် အား ထီးနန်းကိုအပ်နှင်းတော်မူ၍တန်ခိုး စွမ်းရည်၊ ဘုန်းအသရေတို့ဖြင့်ပြည့်စုံ စေတော်မူပါပြီ။-
Daniel 4:23အရှင်မင်းကြီးကြည့်လျက်နေတော်မူစဉ် ကောင်းကင်ဘုံမှ ကောင်းကင်တမန်တစ်ပါး သည်သက်ဆင်းလာကာ`ထိုသစ်ပင်ကိုခုတ်လှဲ ဖျက်ဆီးပစ်လော့။ သို့ရာတွင်သစ်ငုတ်ကိုမူ ကားမြေတွင်ချန်ထားလော့။ ထိုငုတ်ကိုသံ ကြိုး၊ ကြေးဝါကြိုးနှင့်ချည်နှောင်၍ကွင်းထဲ ၌မြက်တောတွင်ထားခဲ့လော့။ ထိုသူအား ဆီးနှင်းများဖြင့်စိုစွတ်စေလျက်ခုနစ်နှစ် တိုင်တိုင်တိရစ္ဆာန်များနှင့်အတူနေစေလော့' ဟုမြွက်ဆိုခဲ့ပါ၏။
Daniel 5:21သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
Matthew 21:20ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် လွန်စွာအံ့သြကြသဖြင့် ``သင်္ဘောသဖန်းပင် သည်အဘယ်သို့လျှင်ချက်ချင်းညှိုးနွမ်းခြောက် သွေ့သွားပါသနည်း'' ဟုမေးလျှောက်ကြ၏။
Luke 15:21သားဖြစ်သူက `အဖ၊ ကျွန်တော်သည်ဘုရားသခင် ကိုလည်းကောင်း၊ အဖကိုလည်းကောင်းပြစ်မှားမိ ပါပြီ။ သို့ဖြစ်၍အဖ၏သားဟူ၍ပင်အခေါ် မခံထိုက်တော့ပါ' ဟုဆို၏။-