Daniel 4:7
ထိုအခါရှိရှိသမျှသောဗေဒင်ဆရာ၊ မျက် လှည့်ဆရာ၊ မှော်ဆရာနှင့်နက္ခတ်ဆရာများ သည်ရှေ့တော်သို့ရောက်ရှိလာကြ၏။ ငါသည် သူတို့အားငါ၏အိပ်မက်ကိုပြောပြသော် လည်း သူတို့သည်ထိုအိပ်မက်၏အနက်ကို မဖော်ပြနိုင်ကြပါ။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:8နံနက်အချိန်ရောက်သောအခါဘုရင်သည် စိတ်သောကရောက်သဖြင့် အီဂျစ်ပြည်ရှိမှော် ဆရာနှင့်ပညာရှိအပါင်းတို့အားဆင့်ခေါ် လေ၏။ ဘုရင်သည်မိမိ၏အိပ်မက်ကိုထိုသူ တို့အားပြောပြသော်လည်း တစ်ယောက်မျှ အနက်ကိုဖွင့်မပြနိုင်ချေ။
Psalms 37:35ငါသည်ပိုင်စိုးပိုင်နင်းပြုတတ်သည့် သူယုတ်မာတစ်ယောက်ကိုတွေ့မြင်ဖူး၏။ သူသည်လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ လူအပေါင်းတို့အပေါ်တွင်လွှမ်းမိုးလျက်နေ၏။
Jeremiah 27:9အိပ်မက်အနက်ဖွင့်သူများ၊ လူသေဝိညာဉ် များကိုခေါ်ယူ၍ မှော်အတတ်အားဖြင့် အနာဂတ်ကိုဟောနိုင်သည်ဟုဆိုသူများ၊ သို့မဟုတ်သင်တို့၏ပရောဖက်များ၏ စကားကိုနားမထောင်ကြနှင့်။ သူတို့ အားလုံးပင်လျှင်သင်တို့အားဗာဗုလုန် ဘုရင်၏အစေကိုမခံရန်ပြောကြား ကြ၏။-
Daniel 2:1နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။-
Daniel 2:10ဘုရင့်အတိုင်ပင်ခံတို့က``အရှင်မင်းကြီး သိလိုသောအရာကို ပြောပြနိုင်သူတစ်ဦး တစ်ယောက်မျှကမ္ဘာပေါ်တွင်မရှိပါ။ အဘယ် တန်ခိုးကြီးသည့်ဘုရင်မျှ မိမိ၏နက္ခဟော ဆရာများ၊ ပယောဂဆရာများနှင့်မှော် ဆရာများအားဤသို့ဆင့်ဆိုစေခိုင်းဖူး သည်မရှိပါ။-
2 Timothy 3:8ယန္နေနှင့်ယံဗြေတို့သည်မောရှေကိုဆန့်ကျင် ဖက်ပြုသကဲ့သို့ ထိုလူစုတို့သည်လည်းသမ္မာ တရားတော်ကိုဆန့်ကျင်ဘက်ပြုကြ၏။ သူ တို့သည်စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ ယုံကြည်ခြင်းပျက်ပြယ်သူများဖြစ်ပေသည်။-