Daniel 5:2
ယင်းသို့သောက်လျက်နေစဉ်ယေရုရှလင် မြို့ဗိမာန်တော်မှခမည်းတော်နေဗုခဒ် နေဇာမင်းသိမ်းယူခဲ့သည့် ရွှေဖလား၊ ငွေ ဖလားများကိုရှေ့တော်သို့ဆောင်ယူခဲ့ရန် မိန့်တော်မူ၏။ မိမိနှင့်တကွမှူးမတ်များ၊ မိဖုရားများနှင့်မောင်းမမိဿံများစပျစ် ရည်သောက်ရန်ထိုဖလားများကိုယူခဲ့ရန် အမိန့်ပေး၏။-
Common Language Bible
In The King James Version
In Context
3ချက်ချင်းပင်ရွှေဖလားများရောက်ရှိလာ သောအခါ သူတို့သည်ထိုဖလားတို့ဖြင့် သောက်လျက်၊-
Cross References
2 Samuel 9:7ဒါဝိဒ်ကလည်း``မကြောက်နှင့်ငါသည်သင်၏ ဖခင်ယောနသန်၏မျက်နှာကိုထောက်၍သင့် အားကျေးဇူးပြုမည်။ သင်၏အဖိုးရှောလု ပိုင်ဆိုင်ခဲ့သည့်မြေယာမှန်သမျှကိုသင့် အားပြန်၍ပေးမည်။ သင့်အားငါ့စားပွဲ တွင်နေ့စဉ်စားသောက်ခွင့်ကိုငါပေးမည်'' ဟုမိန့်တော်မူ၏။
2 Kings 24:13ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာရှိသမျှကို ဗာဗုလုန်ပြည်သို့သိမ်းယူသွားတော်မူ၏။ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာသည် ဗိမာန်တော်တွင်သုံးရန် ရှောလမုန်မင်းပြုလုပ်ထားသည့်ရွှေတန်ဆာ ရှိသမျှကိုချွတ်ယူလေသည်။-
2 Chronicles 11:20ထိုနောက်ရောဗောင်သည်အဗရှလုံ၏သမီး မာခါနှင့်စုံဖက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလော မိတ်ဟူသောသားလေးယောက်ကိုရလေသည်။-
2 Chronicles 36:10နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
Ezra 1:7သူတို့အားကုရုမင်းသည် ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာမင်းသိမ်းယူ၍ မိမိ၏ဘုရားတို့ဗိမာန်တွင်ထားရှိခဲ့သည့်ဖလားများကိုပေးအပ်တော်မူ၏။-
Jeremiah 27:7သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။