Daniel 5:25
``ရေးထားသောစာကား`ရေတွက်၊ ရေတွက်၊ အလေးချိန်၊ ခွဲဝေ' ဟူ၍ဖြစ်သတည်း။-
Common Language Bible
In The King James Version
And this is the writing that was written, MENE, MENE, TEKEL, UPHARSIN.
In Context
24သို့ဖြစ်၍ဘုရားသခင်သည်လက်ကို စေလွှတ်၍ ဤစာတန်းကိုရေးစေတော်မူ ပါ၏။
Cross References
1 Samuel 28:19ကိုယ်တော်သည်သင်နှင့်တကွဣသရေလ နိုင်ငံကို ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်။ နက်ဖြန်ခါသင် နှင့်သင်၏သားတို့သည်ငါရှိရာအရပ်သို့ ရောက်ရှိလာကြလိမ့်မည်။ ထိုနောက်ထာဝရ ဘုရားသည်ဣသရေလတပ်မတော်ကို လည်း ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်'' ဟုဆို၏။
Isaiah 14:11အခါတစ်ပါးကသင်သည်စောင်းသံများ ဖြင့်ဂုဏ်ပြုဖျော်ဖြေခြင်းကိုခံခဲ့ရသော် လည်း ယခုအခါမရဏနိုင်ငံသို့ရောက်ရှိ နေပါပြီတကား။ လောက်ကောင်များကိုအိပ် ရာလုပ်၍လဲလျောင်းကာတီကောင်များကို စောင်လုပ်၍ခြုံရလေပြီတကား' ဟုဟစ် အော်ပြောဆိုကြ၏။''
Jeremiah 27:7သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
Luke 1:51မဟာလက်ရုံးတော်ဖြင့်မာနကြီးသူများကို ဖရိုဖရဲကွဲလွင့်စေတော်မူ၏။