The Bible Software
bible.software › Daniel › Daniel 7 › Daniel 7:13

Daniel 7:13

ညဥ့်​အ​ခါ​ထို​ရူ​ပါ​ရုံ​တွင်​ငါ​သည်​လူ​သား​နှင့်​တူ​သူ​တစ်​ဦး​ကို​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ခြံ​ရံ​ကာ​ငါ့​ထံ​သို့​ချဉ်း​ကပ်​လာ​၏။ ထို​နောက်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ထံ​တော်​သို့​ရောက်​ရှိ​သွား​သ​ဖြင့်​သူ​သည်​ကိုယ်​တော်​၏​ရှေ့​တော်​သို့​ဝင်​ခွင့်​ရ​လေ​သည်။-

Common Language Bible

In The King James Version

I saw in the night visions, and, behold, one like the Son of man came with the clouds of heaven, and came to the Ancient of days, and they brought him near before him.

In Context

12အ​ခြား​သား​ရဲ​တို့​သည်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​များ​ရုပ်​သိမ်း​ခြင်း​ခံ​ကြ​ရ​သော်​လည်း အ​ချိန်​အ​ကန့်​အ​သတ်​နှင့်​ဆက်​လက်​၍​အ​သက်​ရှင်​ခွင့်​ရ​ရှိ​ကြ​လေ​သည်။

14ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။

Read all of Daniel 7

Cross References

Psalms 2:8တောင်း​လော့။ လူ​မျိုး​တ​ကာ​တို့​ကို​သင့်​အား ငါ​ပေး​မည်။ ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​သင်​ပိုင်​ဆိုင်​ရ လိမ့်​မည်။

Psalms 47:5ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​သို့ တက်​ကြွ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တက်​ကြွ​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သည့်​အ​သံ များ​နှင့် တံ​ပိုး​ခ​ရာ​မှုတ်​သံ​များ​ကို​ကြား​ရ​ကြ​၏။

Isaiah 9:6ငါ​တို့​အ​ဖို့​သူ​ငယ်​ကို​ဖွားမြင်​၏။ ငါ​တို့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ သူ​သည်​ငါ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။ ``သူ​၏​နာ​မ​တော်​ကို​အံ့​သြ​ဖွယ်၊'' ``တိုင်​ပင်​ဘက်'' ``တန်​ခိုး​ကြီး​သော​ဘု​ရား'' ``ထာ​ဝ​ရ​အ​ဖ'' ``ငြိမ်း​ချမ်း​ရေး​အ​ရှင်'' ဟူ​၍​နာ​မည်​တွင် လိမ့်​မည်။

Ezekiel 1:26ထို​လိပ်​ခုံး​မိုး​အ​ပေါ်​၌​နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့်​တူ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​လူ​ပုံ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​ထိုင်​နေ​၏။-

Daniel 7:9ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-

Matthew 13:41လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 7:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 7:12Daniel 7Daniel 7:14 →