Daniel 7:20
ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။
Common Language Bible
In The King James Version
In Context
Cross References
Daniel 7:8ထိုဦးချိုတို့ကိုကြည့်နေစဉ်ယင်းတို့အကြားမှဦးချိုငယ်တစ်ချောင်းပေါ်လာသည်ကိုငါမြင်ရ၏။ ထိုဦးချိုငယ်ကရှိပြီးဦးချိုသုံးချောင်းကိုဖယ်ရှားလိုက်လေသည်။ ထိုဦးချိုငယ်တွင်လူကဲ့သို့မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိ၏။
Daniel 7:23ထိုသူက``စတုတ္ထသားရဲသည်ကမ္ဘာမြေပေါ်တွင်ပေါ်ပေါက်လာမည့်စတုတ္ထမြောက်အင်ပါယာနိုင်ငံဖြစ်၍အခြားနိုင်ငံအပေါင်းနှင့်ကွာခြားလိမ့်မည်။ ယင်းသည်ကမ္ဘာမြေတစ်ဝန်းလုံးကိုဝါးမြိုကာခြေဖြင့်နင်း၍ချေမှုန်းလိမ့်မည်။-
Daniel 11:36``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-