Daniel 7:27
အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 22:27လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
Psalms 86:9ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည်လာ၍ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်ရှင်ကြီးမြတ်တော်မူပုံကို ထောမနာပြုကြပါလိမ့်မည်။
Psalms 149:5ထာဝရဘုရား၏လူစုတော်သည်စစ်ပွဲနိုင် သဖြင့် ရွှင်မြူးကြစေ။ အိပ်စက်ရာပေါ်မှာဝမ်းမြောက်စွာသီချင်းဆိုကြစေ။
Isaiah 49:23ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
Isaiah 60:11လူမျိုးတကာတို့၏ဘုရင်များသည် မိမိတို့ပစ္စည်းများကိုယူဆောင်လာနိုင်ရန်၊ သင်သည်မိမိ၏တံခါးကိုနေ့ရောညဥ့်ပါ ဖွင့်၍ထားရလိမ့်မည်။
Daniel 4:34မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။ ``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။