The Bible Software
bible.software › Daniel › Daniel 7 › Daniel 7:5

Daniel 7:5

ငါ​သည်​ဒု​တိ​ယ​သား​ရဲ​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​နောက်​ခြေ​နှစ်​ချောင်း​ဖြင့်​ရပ်​လျက်​နေ​သော​ဝက်​ဝံ​နှင့်​တူ​၏။ သူ​၏​ပါး​စပ်​တွင်​နံ​ရိုး​သုံး​ချောင်း​ကို​ကိုက်​၍​ထား​၏။ အ​သံ​တစ်​ခု​က​သူ့​အား``အ​သား​ကို​ဝ​အောင်​စား​လော့'' ဟု​ဆို​၏။

Common Language Bible

In The King James Version

And behold another beast, a second, like to a bear, and it raised up itself on one side, and it had three ribs in the mouth of it between the teeth of it: and they said thus unto it, Arise, devour much flesh.

In Context

4ပ​ထ​မ​သား​ရဲ​သည်​ခြင်္သေ့​နှင့်​တူ​၍​လင်း​ယုန်​ကဲ့​သို့​အ​တောင်​များ​ရှိ​၏။ ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ထို​သား​ရဲ​သည်​အ​တောင်​များ​ပြုတ်​၍​သွား​ပြီး​လျှင် မြေ​ပေါ်​သို့​မြောက်​တက်​ကာ​လူ​ကဲ့​သို့​မတ်​တတ်​ရပ်​လျက်​နေ​၏။ ထို​နောက်​သူ​သည်​လူ့​စိတ်​ကို​ရ​လေ​သည်။

6ငါ​သည်​ဆက်​လက်​၍​ကြည့်​ရှု​နေ​စဉ်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ​၏။ သူ​၏​ကျော​ပေါ်​တွင်​ငှက်​တောင်​ပံ​များ​နှင့်​တူ​သော​အ​တောင်​လေး​ခု​ရှိ​၏။ သူ့​မှာ​ဦး​ခေါင်း​လေး​လုံး​ရှိ​၏။ သူ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​ပုံ​ရ​၏။

Read all of Daniel 7

Cross References

2 Kings 2:24ဧ​လိ​ရှဲ​သည်​လှည့်​၍​သူ​တို့​အား​စိမ်း​စိမ်း​ကြည့် ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ကျိန်​ဆဲ​လေ​သည်။ ထို​အ​ခါ​တော​အုပ်​ထဲ မှ​ဝက်​ဝံ​မ​နှစ်​ကောင်​ထွက်​လာ​ကာ ထို​သူ​ငယ် လေး​ဆယ့်​နှစ်​ယောက်​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက် ဖြတ်​ကြ​၏။

Isaiah 13:17ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မေ​ဒိ​အ​မျိုး သား​တို့​အား ဗာ​ဗု​လုန်​ပြည်​ကို​တိုက်​ခိုက် ရန်​လှုံ့​ဆော်​လျက်​ရှိ​၏။ သူ​တို့​သည်​ငွေ​ကို ပ​မာ​ဏ​မ​ပြု။ ရွှေ​ကို​လည်း​မ​မက်​မော။-

Isaiah 56:9ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​ခြား​တို့​အား သား​ရဲ​တိ​ရစ္ဆာန်​များ​သ​ဖွယ်​လာ​၍ မိ​မိ​၏ လူ​မျိုး​တော်​ကို​သတ်​ဖြတ်​စေ​တော်​မူ​၏။-

Ezekiel 39:17အ​ရှင်​ထာ​ဝရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​မှ​ငှက်​များ နှင့်​တိ​ရစ္ဆာန်​များ​အား သူ​တို့​အ​တွက်​ငါ​ပြင် ဆင်​ပေး​မည့်​ယဇ်​ပူ​ဇော်​ပွဲ​သို့​လာ​၍​စား သောက်​ကြ​ရန်​ခေါ်​ဖိတ်​လော့။ ဣ​သ​ရေ​လ တောင်​ပေါ်​မှ​ကြီး​မြတ်​သော​ယဇ်​ပူ​ဇော်​ပွဲ ကြီး​ဖြစ်​၏။-

Daniel 5:28ခွဲ​ဝေ​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ အ​ရှင်​၏​နိုင်​ငံ​တော်​ကို​မေ​ဒိ​အ​မျိုး​သား များ​နှင့်​ပါ​ရှ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​တော်​မူ​ပြီ​ဟူ​၍​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​၏။

Daniel 8:4ထို​သိုး​သည်​ဦး​ချို​ဖြင့်​အ​နောက်၊ တောင်၊ မြောက် အ​ရပ်​သုံး​မျက်​နှာ​သို့​ခတ်​ဝှေ့​၍​နေ​သည် ကို​ငါ​ကြည့်​လျက်​နေ​မိ​၏။ သူ့​အား​အ​ဘယ် တိ​ရစ္ဆာန်​မျှ​မ​ဆီး​တား​နိုင်။ သူ​၏​လက်​တွင်း မှ​လွတ်​မြောက်​အောင်​လည်း​မ​တတ်​နိုင်။ သူ သည်​မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း​ပြု​ကာ မာန်​မာ​န​ထောင်​လွှား​လာ​လေ​သည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 7:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 7:4Daniel 7Daniel 7:6 →